မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ဂန့်ဂေါခရိုင် ပကဖနှင့် ဂန့်ဂေါ ခရိုင် တပ်ရင်းများ ပူးပေါင်း၍ ရော့ကတ် ဒုံးကျည် ၂၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အထိအခိုက် အခြေအနေတော့ မသိရသေးပါဘူး။ ပျူရွာထဲကိုတော့ အကုန်နီးပါး ကျရောက် ပေါက်ကွဲခဲ့ပါတယ်” ဟု ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရော့ကတ် ဒုံးကျည်များကို ဂန့်ဂေါ ခရိုင် ထုတ်လုပ်ရေး အဖွဲ့များက ထုတ်လုပ်ထားခြင်းဖြစ်ပြီး တော်လှန်ရေး အဖွဲ့များ ကိုယ်ပိုင် လက်နက် ထုတ်လုပ်ရေးများကို စနစ်တကျ လုပ်ဆောင်လာနိုင်ပြီ ဖြစ်ကာ ဒုံးကျည်တွေထိ ထုတ်လုပ်နိုင်လာပြီ ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *