ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၄၄ တွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်မှု ရဲ ၃ ဦးသေ ဆုံးပြီး ၆ ဦး ဒဏ်ရာရကာ ရဲကားမီးလောင်ပျက်စီး

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၄၄ တွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေ ဆုံးပြီး ရဲ ၆ ဦး ဒဏ်ရာရကာ ရဲကားမီးလောင်ပျက်စီးသွားကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းရင်းမြစ်ကပြောဆိုသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် တောင်ငူမြို့နယ်၊ ခပေါင်းချောင်း တောင်ဘက်ကမ်း၊ အမြန်လမ်းမကြီး ၊ အုတ်တွင်းမြို့နယ်၊ ပိတောက်ခင်ကျေးရွာနှင့် ကြက်တက်ညောင်ပင်ကျေးရွာအကြား တော်လှန်ရေးတပ်များက ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ကင်းလှည့်ရဲကား တစ်စီးရောက်ရှိလာကြောင်း၊ အဆိုပါ ရဲကားကို ပစ်ခတ်ရာ ရဲ ၃ ဦး မျက်မြင် သေဆုံးသွားပြီး ရဲ ၆ ဦး ပြင်းထန်ဒဏ်ရာများရရှိကြောင်း၊ ရဲကားပါ မီးလောင်သွားကြောင်း သိရှိရသည်။

“မိုင်တိုင်အမှတ် ၁၄၄ မှာ ကင်းပုန်းဝပ်စောင့်ဆိုင်းနေတုန်း ကင်းလှည့်ကားကို ၀ိုင်းဝန်းပစ်ခတ်ရာမှာ ရဲ ၃ ဦး မျက်မြင်သေဆုံးပါတယ်။ ရဲ ၆ ဦး အပြင်းအထန်ဒဏ်ရာရပါတယ်။ ရဲကားမီးလောင်သွားတယ်။ အဲဒါပြီးတော့ ဇီးပင်သာရဲကင်းနဲ့ ဗောဓိကုန်းရဲကင်းက စစ်ကူ ရဲကားတွေရောက်လာလို့ တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးရိုးမရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အမြန်လမ်းပေါ်တွင် သွားလာမှုများကို သတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် လိုက်နာကြရန် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က အမြန်လမ်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *