‼️တောင်ပိုင်း စစ်ဒေသအတွက် သင်တန်းသားသစ်များ ခေါ်ယူခြင်း‼️

တောင်ပိုင်း စစ်ဒေသအတွက် သင်တန်းသား အသစ်တွေကို ဆက်လက်ပြီး စိစစ် ခေါ်ယူလျက်ရှိနေကာ လျှောက်ထားလိုသူများ အနေဖြင့် အောက်မှာ ဖော်ပြထားတဲ့ Facebook Messanger ကနေ ဆက်သွယ် လျှောက်ထားလို့ ရပါတယ်။

စစ်ရှုံးကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း ရှောင်လိုသူများကိုလည်း လက်ခံပေးပါတယ်။

သင်တန်းသား အသစ် လျှောက်ထားသူများ အနေဖြင့် အောက်ပါ အချက်များနဲ့ ကိုက်ညီသူ ဖြစ်ရပါမယ်။

(၁) အသက် ၁၈ နှစ်မှ ၄၀ အတွင်း ဖြစ်ရမည်။

(၂) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။

(၃) တော်လှန်ရေးကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။

(၄) တော်လှန်ရေး ပြီးဆုံးသည်အထိ တာဝန် ထမ်းဆောင်နိုင်ရမည်။

(၅) အထက်က ပေးအပ်သော တာဝန်နှင့် အမိန့်ကို တိကျသေချာစွာ လိုက်နာရမည်။

(၆) အိမ်ထောင်သည် စုံတွဲများပါ လျှောက်ထားနိုင်သည်။ သို့သော် သီးခြားနေထိုင်လိုခြင်းအား ခွင့်မပြုပါ။

(၇) ရန်ကုန်တိုင်းနှင့် အနီးတစ်ဝိုက် နယ်မြေဒေသအတွင်း နေထိုင်သူများ ပို၍ အဆင်ပြေပါမည်။ လမ်းခရီးစရိတ်လည်း စီစဥ်ပေးပါသည်။

အခြားသော အသေးစိတ် အချက်အလက်များအား ဆက်သွယ်လာချိန်တွင် မေးမြန်းနိုင်ပါသည်။

Delta Eagle Force

Twantay Royal


Comments

Leave a Reply

Your email address will not be published. Required fields are marked *