ကျောက်တံခါးမြို့နယ်၊ မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံး

PDF ရဲဘော် ၂ ဦး ကျဆုံး

စစ်သား အလောင်းများကို ကားဖြင့် သယ်ယူသွားပြီး ပျူစောထီး အလောင်းများကို မြေမြှုပ်ခဲ့

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်ကို တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း ၁၇ မိုင်ကို စစ်ကား ၆ စီးနှင့်အတူ ခြေလျင်တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၃ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ပြီး ၄၀ မမ ၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း ၁၈ မိုင် အနီးရှိ တော်လှန်ရေး တပ်ဖွဲ့၏ ယာယီစခန်းကို တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ အပြန်အလှန် ပစ်ခတ်မှုအတွင်း တော်လှန်ရေး ရဲဘော် ကျော်ကြားနှင့် ရဲဘော် မိုးစက်တို့ ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စက်လက်နှင့် လက်နက်ကြီးများ အပါအဝင် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များသည် လက်နက် အင်အား ကွာခြားချက်ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရပြီး လက်လုပ် သေနတ် ၃ လက်နှင့် ရှေ့ထွက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မေလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်ကို တက်လာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂၉ ရက်နေ့က သေတဲ့ စစ်ခွေး ၁၇ ကောင်ကို ဖောကားနဲ့ ၁၂ မိုင်ကို သယ်ပြီး အဲ့ကနေ လူနာတင်ယာဥ်နဲ့ သယ်တာ သေတဲ့ စစ်ခွေး ၃၅ ကောင်ထဲမှာ ပျူစောထီးတွေပါပြီး အဲ့ပျူစောထီးတွေ အလောင်းတော့ ရိုးမထဲမှာမြုပ်ခဲ့တယ်။ စစ်ခွေးအလောင်းပဲ ကားနဲ့ပြန်သယ်တာ ခြေပြတ်တဲ့ ၆ ကောင်ကို ပရဟိတ အသင်းကားနဲ့သယ်တယ်။ ၃၅ ကောင်က မျက်မြင်သေဆုံးတာကို အတည်ပြုထားတာပါ။ သေဆုံးသူ ပိုများနိုင်ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *