အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၃၉ ဦး ၊ စစ်ကောင်စီ အပါအဝင်ုဌာနများ၊ ကုမ္ပဏီနှင့်အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများကို ဗြိတိန်က ထပ်မံတိုးမြှင့်လိုက်ပြီး နောက်ဆုံးအရေးယူထားသည့် စာရင်းကို ဇွန်လ ၇ ရက်နေ့တွင် ထုတ် ပြန်သည်။
အဆိုပါ အရေးယူမှု ထပ်မံတိုးမြှင့်သည့်စာရင်းတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည့် စစ်တပ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို သတ်ဖြတ်ခဲ့ကြသည့် စစ်တပ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ၊ အားပေးကူညီကြသူများ၊ စီးပွားရေးကုမ္ပဏီများ ပါဝင်ပြီး ပစ်မှတ်ထား အရေးယူမှုများ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ နောက်ဆုံး ဆောင်ရွက်ထားသည့် လူပုဂ္ဂိုလ် ၃၉ ဦးတွင်
၁- တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်
၂- နယ်ခြားစောင့် ရဲတပ်ကြပ်ကျော်ချေ
၃- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး
၄- ဗိုလ်မှူးချုပ်ခင်လှိုင်
၅- ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်
၆- ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်
၇- ထူးထက်တေဇ
၈-လေတပ်ဗိုလ်ချုပ်ကြီးထွန်းအောင်
၉-ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်
၁၀- လေယာဉ်ဆီတင်သွင်းသူ ဒေါ်ခင်ဖြူဝင်း
၁၁- တပ်ကြပ်ကြီးဘကျော်
၁၂-လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
၁၃- ကျော်မင်းဦး (Sky Aviator Company)
၁၄- ရဲမှူးချုပ် သူရစန်းလွင်
၁၅-ဘယ်လာရုစ် ကောင်စစ်ဝန် အောင်မိုးမြင့်
၁၆- ဒေါ်မျိုးသစ္စာ
၁၇-နယ်ခြားစောင့်ရဲအရာရှိ ထွန်းနိုင်
၁၈-ဗိုလ်မှူးချုပ် သန်းဦး
၁၉-ဗိုလ်မှူးချုပ်သန့်ဇင်ဦး
၂၀- ဗိုလ်ချုပ်ကြီး မြထွန်းဦး
၂၁- ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး
၂၂- ရှေ့နေချုပ် သီတာဦး
၂၃- အဂတိကော်မရှင် ဥက္ကဋ္ဌ တင်ဦး
၂၄- အောင်လှိုင်ဦး
၂၅- ပြည့်ဖြိုးတေဇ
၂၆- ဗိုလ်ချုပ်ကြီးတင်အောင်စန်း
၂၇- စစ်တိုင်းအောင်
၂၈- ဗိုလ်ချုပ်မောင်မောင်စိုး
၂၉-ဗိုလ်မှူးချုပ် ခင်မောင်စိုး
၃၀- ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သိန်းစိုး
၃၁- ဗိုလ်ချုပ်ညီညီဆွေ
၃၂- ဗိုလ်မှူးအောင်မျိုးသူ
၃၃- ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
၃၄- စီးပွားရေးသမား ထွန်းမင်းလတ်
၃၅- ဗိုလ်မှူးသန့်ဇော်ဝင်း
၃၆-လေယာဉ်ဆီတင်သွင်းသူ ဝင်းကျော်ကျော်အောင်
၃၇- တေဇ
၃၈- ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော
၃၉- လေယာဉ်ဆီတင်သွင်းသူဇော်မင်းထွန်း တို့ပါဝင်သည်။
ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ နောက်ဆုံး ဆောင်ရွက်ထားသည့် အဖွဲ့ ၃၁ ခုတွင်
၁-တပ်မ ၁၀၁
၂-တပ်မ ၃၃
၃- တပ်မ ၇၇
၄- တပ်မ ၉၉
၅- Asia Sun Trading ကုမ္ပဏီ
၆- Cargo Link ကုမ္ပဏီ
၇- ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး
၈-ကက (ဝယ်) ညွှန်ကြားရေးမှူးရုံး
၉-Dynasty International ကုမ္ပဏီ
၁၀-ထူးကုမ္ပဏီများအုပ်စု
၁၁- IGGC (International Gateways group of company limited)
၁၂- International Group of Entrepreneur Services Company Limited
၁၃- JSC GORIZONT (ရုရှား)
၁၄- အမှတ် ၁ သတ္တုလုပ်ငန်း
၁၅- အမှတ် ၂ သတ္တုလုပ်ငန်း
၁၆- Miya Win ကုမ္ပဏီ
၁၇- Myanmar Chemical & Machinery ကုမ္ပဏီ
၁၈- မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း
၁၉- Myanmar New Era Trading ကုမ္ပဏီ
၂၀- မြန်မာ့ပုလဲလုပ်ငန်း
၂၁- မြန်မာ့ သစ်လုပ်ငန်း
၂၂- မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့
၂၃- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
၂၄- စစ်ထောက်ချုပ်ရုံး
၂၅- Shoon Energy ကုမ္ပဏီ
၂၆- Sky Aviator ကုမ္ပဏီ
၂၇- Sky One ဆောက်လုပ်ရေးကုမ္ပဏီ
၂၈- SS Techniques ကုမ္ပဏီ
၂၉- Star Sapphire ကုမ္ပဏီများအုပ်စု
၃၀- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၃၁- URAL AVIA LLC တို့ ပါဝင်ကြောင်း သိရှိရသည်။
Leave a Reply