ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများရှိပြီး လိုင်းခန်းများလည်း ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများရှိပြီး လိုင်းခန်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့တွင် ယင်းမာပင်မြို့နယ် အတွင်းရှိ အမှတ်-၂၈ ရဲတပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက တာဝေးပစ် လက်နှက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း လက်နက်ကြီးကျည်များသည် အမှတ်-၂၈ ရဲတပ်ရင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်ရင်းအတွင်းရှိ လူပျိုဆောင် လိုင်းခန်းများ ပျက်စီးမှုများပြီးကာ ရဲတပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့ဝင်များဖြစ်သော Fighter Brotherhood Guerrilla Army-FBGA နှင့် Regional Friend Fighters- RFF အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *