ရန်ကုန် VPN စစ်ဆေးခြင်းအခြေအနေ

ဖုန်းတွင် VPN ရှိ မရှိ ယူစစ်ပြီး ခြိမ်းခြောက်ငွေညစ်

ယခုရက်ပိုင်း ရန်ကုန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ အရပ်ဝတ်များမှ လမ်းသွားလမ်းလာ ပြည်သူတို့၏ ဖုန်းများကို ယူကြည့်ကာ VPN ရှိ မရှိ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

၈ မိုင်ဝန်းကျင်နှင့် ပန်းလှိုင်တံတားအဆင်း လှိုင်သာယာဘက်ခြမ်းတွင် ယနေ့ ဖုန်းများ ယူစစ်နေခဲ့ကြောင်း သတင်းရရှိပြီး VPN App များ တွေ့ရှိပါ ခြိမ်းခြောက်ငွေညစ်နေကြောင်း သိရှိရသည်။

VPN များကို နည်းပညာဖြင့် လိုက်လံပိတ်ဆို့ပြီးနောက် မြေပြင်တွင်ပါ ဖုန်းများစစ်လာခြင်းဖြစ်ပြီး ငွေညစ်ပါက ၂ သိန်းမှ ၅ သိန်းအထိ တောင်းယူနေကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့ မနက်ကစပြီး ပြည်တွင်းတွင် VPN များ အသုံးပြုရ ခက်ခဲသွားခဲ့ပြီး အကြောင်းမှာ စစ်ကောင်စီက Secure Web Gateway ဖြင့် VPN များကို ပိတ်ဆို့လိုက်သောကြောင့်ဟု သိရှိရသည်။

ထို့ပြင် VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်းတစ်ခုကိုလည်း စစ်ကောင်စီမှ ရေးဆွဲနေကြောင်း သိရပြီး မကြာမီ အတည်ပြုကြေညာဖို့ရှိကြောင်းလည်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *