မန္တလေးမြို့လယ်ခေါင်က ဖုန်းအရောင်းဆိုင် ဓားပြတိုက်ခံရ

မန္တလေးမြို့လယ် တက္ကသိုလ်အနီး လူစည်ကားရာနေရာမှာ ဖွင့်လှစ်ထားတဲ့ ဖုန်းအရောင်းဆိုင် တစ်ဆိုင် မနေ့ ဇွန်လ ၁၂ ရက် ညပိုင်းက ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မဟာအောင်မြေမြို့နယ် ၊ ၆၉ လမ်းနဲ့ ၃၈ လမ်းမှာ ဖွင့်ထားတဲ့ Paradise ဖုန်းအရောင်းအဝယ်ဆိုင်ကို ညပိုင်း ၆ နာရီခွဲခန့်မှာဓားရှည်ကိုင်အမျိုးသား ၂ ဦးက ဓားပြတိုက်သွားတာပါ။

” လူတော့ဘာမှမဖြစ်လိုက်ပေမယ့် ဖုန်းတွေကတော့ ပါသွားတယ်” လို့ ဓားပြတိုက်ခံရတဲ့ ဖုန်းဆိုင်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြပါတယ်။

ဖုန်းတွေထည့်ထားတဲ့ မှန်ကောင်တာတွေကို ဓားရှည်နဲ့ ရိုက်ခွဲပြီး လုယက်သွားတာလို့သိရပါတယ်။အခုလို ဓားပြတိုက်ခံရတဲ့နေရာဟာ မန္တလေးမြို့ပေါ်မှာ လူအစည်းကားဆုံးနေရာတစ်ခုပါ။

စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း မန္တလေးမှာ မကြာခဏဆိုသလို လုယက်မှုတွေ ၊ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်းမန်းမြို့ဈေးမှာရှိတဲ့ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေနှစ်ပိဿာခန့် ပါသွားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *