မှော်ဘီဗိုလ်သင်တန်းကျောင်းကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စစ်တပ်(ကြည်း) ဗိုလ်သင်တန်းကျောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame – OF အဖွဲ့မှတာဝန်ရှိသူကပြောသည်။

“ဖောက်ခွဲမှုအပြီး ရန်သူထိခိုက်မှုရှိပါတယ်။ အသေးစိတ်အခြေနေကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါဗျ။”ဟု ၎င်းက ပြောသည်။

ဇွန်လ ၂၀ ရက် ည ၇ နာရီခန့်၌ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မှော်ဘီတိုးဂိတ်အကျော် ရန်ကုန်မြို့အဝင်ဘက်၌ ကားများတား၍ စစ်ဆေးခဲ့သော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

Operation Flame အနေဖြင့် ရန်ကုန်‌တော်လှန်ရေးမဟာမိတ်များနှင့်အတူ ပူးပေါင်း၍ စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ညက မှော်ဘီမြို့နယ်၌ ပေါက်ကွဲသံ နှစ်ကြိမ်ကြားရကြောင်း ဒေသခံများကပြောသည်။

“ဒီနေ့မနက်တော့ ပုံမှန်သွားလာနေကြတာပါပဲ။ ကျွန်တော်တို့က အဲဒီဗိုလ်သင်တန်းကျောင်းရှေ့က ဖြတ်သွားရတာ၊ စစ်ဆေးတာတွေတော့ မကြုံခဲ့ရဘူး။ တခြားထူးခြားတာ မတွေ့ရဘူး” လို့ မှော်ဘီမြို့မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)အား ည၇နာရီဝန်းကျင်အချိန်၌ အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မှုအပြီး ရန်သူဖက်မှထိခိုက်မှုတစ်ချိုရှိခဲ့ပြီး အသေးစိတ်အခြေအနေများအား စုံစမ်းနေဆဲဖြစ်သည်။

စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းရာသို ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ယခုစစ်ဆင်ရေးအား Operation Flame (OF) မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီးလည်း ရန်ကုန်တော်လန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

တာဝန်ခံ

သတင်းနှင့် ပြန်ကြားရေး

Operation Flame


Comments

Leave a Reply

Your email address will not be published. Required fields are marked *