မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျ

ပျက်ကျသည့် နေရာကိုစစ်တပ်ဖြင့် ပိတ်ဆို့ပြီး ဓာတ်ပုံရိုက်ခွင့်နှင့် ပြည်သူများ ဝင်ခွင့် မပြုဘဲ သတင်းအမှောင်ချ

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျခဲ့ပြီး ပျက်ကျသည့်နေရာကို စစ်တပ်များဖြင့် ပိတ်ဆို့ကာ ဓာတ်ပုံရိုက်ခွင့်၊ ပြည်သူများ ဝင်ခွင့်မပြုဘဲ သတင်းအမှောင်ချခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် မိထ္ထီလာမြို့နယ် မြင်တော်ကန်ရွာ အနီးတွင် လေယာဉ်ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျမှုကို အနီးအနားကျေးရွာတချို့က မြင်တွေ့လိုက်ရကြောင်း သိရှိရသည်။

“နံနက် ၈နာရီလောက်က ဖြစ်တာပါ။ လေယာဉ်ပျက်ကျတဲ့ အနား ကပ်မရဘူး ပုံလည်း ရိုက်မရဘူး ။မိထ္ထီလာမြို့က ပတ်ပတ်လည်က စစ်တပ်တွေချည်းဆိုတော့ ပျက်ကျတဲ့နေရာကို မိနစ်ပိုင်းအတွင်း တပ်တွေ တန်းရောက်တာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ယနေ့ နံနက်ပိုင်း မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် ပျက်ကျသွားသည့် စစ်ကောင်စီလေယာဉ်အမျိုးအစားနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြမ်းဖက် တိုက်လေယာဉ်များနှင့်အတူ တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *