ပတ္တိနိက္ကုဇ္ဇနကံဆောင်သံဃာ့သပိတ်ကို ဝန်းရံတဲ့ ရန်ကုန်တော်လှန်ညီနောင်များ

ပတ္တိနိက္ကုဇ္ဇနကံဆောင်သံဃာ့သပိတ်ကို ဝန်းရံတဲ့ ရန်ကုန်တော်လှန်ညီနောင်များရဲ့သပိတ်

ပတ္တိနိက္ကုဇ္ဇနကံဆောင်သံဃာ့သပိတ်ကို ပူးပေါင်းဝန်းရံသည့် အနေဖြင့် ရန်ကုန်‌တော်လှန်ညီနောင်လေးဖွဲ့က သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း Owl Community မှ မြေပြင်တာဝန်ခံ AK က ပြောသည်။

“အမှန်တရား ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး တိုက်ပွဲဝင်နေကြသော ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်အား ပူးပေါင်းဝန်းရံခြင်းဖြစ်ပါတယ်ဗျ” ဟု ၎င်းကပြောသည်။

ယင်းသပိတ်လှုပ်ရှားမှုကို Owl Community နှင့်အတူ တော်လှန် ညီနောင်များဖြစ်သည့် LinnYoungNi YouthAssociation (LYNYA)၊ Kyimyindaing Networks (KMD18)နှင့် Mayangone Democratic Front (MDF) တို့ပူးပေါင်းပါဝင်ခဲ့သည်။

သပိတ်လှုပ်ရှားမှုအနေဖြင့် ရုပ်ပွားတော်များရှေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဟုရေးသားထားသည့် စာရွက် အုပ်ထားသည့် သပိတ်ကိုမှောက်ထားသလို တော်လှန်ရဲဘော်တစ်ဦးက သပိတ်ကိုမှောက်ကာကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

“မင်းတိုစစ်ဖိနပ်အောက်မှာ ငါတို့ဘယ်တော့မှ ဒူးမထောက်ဘူး၊ အမှန်တရားဘက်မှာ ငါတို့ရပ်တည်ပြီး ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကို ကိုင်စွဲ တိုက်ပွဲဝင်ကြ။အရေးတော်ပုံ အောင်ကို အောင်ရမည်။ “ဟု ယင်းအဖွဲ့များက တိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *