မှတ်ပုံတင်နဲ့ ဆန်ဝယ်ရတဲ့ခေတ် ပြန်ရောက်သွားပြီ (ရုပ်/သံ)

အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာမှာ မြန်မာပြည်သူတွေဟာ ဆန်ရရှိဖို့အတွက် ၁၉၉၀ ခုနှစ် မတိုင်ခင်ကာလတွေလို အိမ်ထောင်စုဇယားတွေပြပြီးမှ ဝယ်ယူခွင့်ပေးတဲ့ သမဝါယမခေတ်ကို ပြန်လည်ရောက်ရှိသွားခဲ့ကြပါပြီ။

စစ်ကောင်စီရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်တွင်းမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာနေပြီး အခြေခံအကျဆုံး စားသောက်ကုန်ဖြစ်တဲ့ ဆန်ဟာလည်း အဆမတန် ဈေးနှုန်းကြီးမြင့်လာနေတာပါ။

ဈေးကွက်မှာ မြင့်မားနေတဲ့ ဆန်ဈေးကို စစ်ကောင်စီက ဈေးနှုန်း သတ်မှတ်လိုက်ပြီး အဲ့ဒီ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ဖို့ဆိုရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့အချိန်မှာ ဆန်စပါးဈေးက အလွန်မြင့်မားလာခဲ့ပြီး အဲဒီ မြင့်မားနေတဲ့ ဈေးနှုန်းနဲ့ကိုပဲ လွတ်လွတ်လပ်လပ် လိုသလောက်ဝယ်ယူနိုင်ဖို့ ခက်ခဲလာနေတာ ဖြစ်ပါတယ်။

Leave a Comment