စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ ၊ ကံတလူဘုရားအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းကို ဒရုန်း ၃ စီး ၊ fixed wings ဒရုန်း ၇ စီး တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သးကြောင်း သိရှိရသည်။

“ပြည်သူတွေ အနေနဲ့ စစ်တပ် အထိုင်ချထားတဲ့ နေရာနဲ့ ဝေးဝေးနေပေးကြဖို့ စစ်ကိုင်း-မုံရွာ လမ်းပိုင်းကို သွားလာနေတဲ့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စာထုတ်ထားသည့်အတိုင်း သွားလာကြဖို့ မေတ္တာ ရပ်ခံပါတယ်” ဟု People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Phoenix SGG၊ စစ်ကိုင်းခရိုင် ဒရုန်း တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၄ ၊ စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ MMU PDF၊ တောတွင်းတွတ်ပီ၊ SDP.camp-camp2 နှင့် စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး စသော မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *