ဝင်းနိမ္မိတာရုံဆရာတော် နောက်ဆုံး အန္တိမ အဂ္ဂိဈာပနကို တက်ရောက်နိုင်မှာမဟုတ်တော့တဲ့ ကံသုံးဆင့်ဆရာတော်

ဝင်းနိမ္မိတာရုံ ဦးစီးပဓာန နာယကဆရာတော်ကြီးရဲ့နောက်ဆုံးအန္တိမ အဂ္ဂိဈာပန​ကို ပစ်ခတ်ခံရမှုမှာပါဝင်တဲ့ ကံသုံးဆင့်ဆရာတော် ကျန်းမာရေးကြောင့်မကြွရောက်နိုင်ဘူးလို့ ဆို

မနက်ဖန်ပြုလုပ်မယ့် ဝင်းနိမ္မိတာရုံ ဦးစီးပဓာန နာယကဆရာတော်ကြီးရဲ့အန္တိမ အဂ္ဂိဈာပန​ကို ပစ်ခတ်ခံရမှုမှာ ပါဝင်တဲ့ ကံသုံးဆင့်ဆရာတော် မကြွရောက်နိုင်ကြောင်း ဆရာတော်ကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

“ကျန်းမာရေးကြောင့် ဆရာတော်ကြီး မကြွရောက်နိုင်ဘူး”လို့ သိရပါတယ်။

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟာသံဃာမဟာနယကအဖွဲ့ဝင် (ငြိမ်း) ကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ကားပေါ်မှာ အတူပါလာခဲ့တဲ့ ရန်ကုန် ကံသုံးဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသ ကပြန်လည်မိန့်ကြားပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။

ဒီဖြစ်စဥ်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူလွတ်တောင်းပန်စာပို့ လျှောက်တင်ခဲ့ပေမယ့် ကြခတ်ဝိုင်းဆရာတော်က ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့မပျောက်နိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အတွင်းက သံဃာတော်တွေက ဇွန် ၂၃ရက် က စတင်ပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့ကြသလို ဇွန် ၂၅ရက်နေ့မှာစစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းက သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူရတဲ့ ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိဈာပန အတွက် ပဲခူးမြို့၊ ဆင်ဖြူကွင်းသုဿာန်ရှိ လောင်တိုက်တော် ပြင်ဆင်ပြီးစီးမှုကို တပည့်သံဃာတွေက “မနက်ဖြန်ဆိုလျင် ရုပ်ကလာပ်တော်ပင် မရှိနိုင်တော့ပါလားဘုရား” ဆိုပြီး ဇွန် ၂၆ ရက်မှာ ဝင်းနိမ္မိတာရုံစာသင်တိုက်ကထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို ဇွန် ၁၉ ရက်မှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ပဲခူးအတွင်းသတင်း

ကန်သုံးဆင့် ဆရာတော်ကြီးကို ဈာပနသဘင် အခမ်းအနားအချိန် အတွင်း ပဲခူးမှာ ရှိမနေရန် စကစ မှ ဖိအားပေး ပိတ်ပင်နေ၊

ဆင်ဖြူကွင်းမှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်လျှင် အင်အားသုံး ဖြိုခွင်းဖို့ စကစ မှ ညွှန်ကြားထား၊

လိုအပ်ပါက လောင်တိုက်တော်ရှိရာ ဆင်ဖြူကွင်း အနီးတဝိုက် အင်တာနက် ဖြတ်တောက်ရန် အစီအစဉ်ရှိနေ၊

ကြာသပတေးနေ့ ညပိုင်း ပဲခူးမြို့အား အရေးပေါ် လျှပ်စစ်မီး နှင့် ဖုန်းလိုင်း ဖြတ်တောက်ရန် အသင့်စီစဉ်ထား၊

မြန်မာပြည်အနှံ့ စာသင်တိုက်ကြီးတွေရှိ စာဝါပို့ချနေတဲ့ ပဲခူးအဆက်အနွယ် သံဃာတော်များ စာရင်းကောက်ယူကာ လိုက်လံ စောင့်ကြည့်လျှက်ရှိ၊


Comments

Leave a Reply

Your email address will not be published. Required fields are marked *