ဝန်ချတောင်းပန်မယ်ဆိုရင်တောင် ကြေအေးစရာ အကြောင်းမရှိတော့ဘူး (ရုပ်/သံ)

သံဃာတော်တွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ အမှားကို ဝန်ချတောင်းပန်မယ်ဆိုရင်တောင် ကြေအေးပေးစရာလမ်းမရှိတော့ဘူးလို့ ပတ္ထနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေတဲ့ ဆရာတော်တွေထဲက ဆရာတော် အရှင်ဇာနေယျက မိန့်ကြားပါတယ်။

လက်နက်အားကိုးနဲ့ အာဏာသိမ်းမှု အပါအဝင် သံဃာတော်တွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်တဲ့ ကျူးလွန်နေမှုတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီအပေါ် ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က စပြီး ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေက ကံဆောင်သပိတ်မှောက်နေကြပါတယ်။

စစ်တပ်က ပစ်ခတ်သတ်ဖြတ်လို့ ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိစျာပန အခမ်းအနား ကျင်းပနေတဲ့ ဇွန်လ ၂၇ ရက်နေ့မှာဘဲ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ သံဃာတော်တွေနဲ့ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top