အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ စစ်အရာရှိနှင့် ဗိုလ်ချုပ်ဟောင်းတချို့ စစ်တပ်ကို ပုန်ကန်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံရဟုဆို

အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင် လှိုင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် စစ်အရာရှိများ၊ ဗိုလ်ချုပ်ဟောင်းတချို့ကို စစ်တပ်အပေါ် ပုန် ကန်ရန် ကြံစည်မှုနှင့်ဖမ်းဆီးထားကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်ကပြောကြားသည်။

ဖမ်းဆီးခံထားရသူများတွင် ဗိုလ်ချုပ် ကြည်ခိုင် အပြင် တိုင်းဦးစီးဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြည်ခိုင် ကိုယ်ရေးအရာရှိ နှင့် အခြားအငြိမ်းစား ဗိုလ်ချုပ်တချို့လည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရှိရသည်။

“ပြုတ်တယ်ဆိုတာထက် အခုလက်ရှိကတော့ ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ် သေ ချာပေါက်ကလည်း ပြုတ်မှာပဲ။ သူ တစ်ယောက်တည်းလားတော့ မဟုတ်ဘူး။ သူနဲ့အတူ တိုင်းဦးစီးဗိုလ်မှူးကြီး၊ တိုင်း ကာ နယ်၊ နောက် သူ့ PSO ရယ်၊ တခြားအရာရှိ ကြီးတွေလည်း ပါတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒုတိုင်းမှူးကတော့ မပါသွားဘူး။ ပြီး ရင် သူနဲ့တွေ့ဆုံတဲ့ အငြိမ်းစားယူပြီး ဗိုလ်ချုပ်ကြီးတွေ ပါတယ်။ ဘယ်သူဘယ်ဝါ တော့ မသိရသေးဘူး”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် တိုက်ခိုက်ခံရမှု၊ တိုင်းစစ်ဌာနချုပ် နယ်မြေထဲတွင် ရှိကာ မန္တ လေးနန်းတွင်းနှင့် မဝေးလှသည့် မတ္တရာမှ လေကြောင်းရန် ကာကွယ်ရေးတပ်လည်း တိုက်ခိုက်သိမ်းပိုက်ခြင်း ခံထားရသည့် ဖြစ်စဉ်များအပြင် ဗိုလ်ချုပ်ကြည်ခိုင်က မင်းအောင်လှိုင်ကို ဖြုတ်ချရန်အတွက် အငြိမ်းစားဗိုလ်ချုပ်ဟောင်းအချို့နှင့် သူ အယုံကြည်ရဆုံး အရာရှိကြီးများကို ခေါ်ယူ၍ နန်းတွင်းထဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နေပြည်တော်တွင် အာဏာသိမ်းရန် လျှို့ဝှက်အစည်း အဝေး လုပ်ဆောင်မှုများလည်း ရှိခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

စစ်ခေါင်းဆောင်က စစ်တိုင်းမှူးများကို ယုံကြည်မှု မရှိ၍ တိုင်းစစ်ဦးချုပ်၊ တိုင်းကာနယ် များနေရာတွင် ၎င်း၏လူများ ခန့်ထားပြီး တိုင်းမှူးများကို ဒေါက်ထောက် ကြည့်နေခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်ကြည်ခိုင်၏ အစည်းအဝေး အပြီးတွင် နေပြည်တော်ရှိ မင်းအောင်လှိုင်၏ ခါးပိုက် ဆောင်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အလယ်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့စဉ်က တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *