မဟာမိတ်တပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ လုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ အသိပေး

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မဟာမိတ်တပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ လုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ အသိပေး

ရှမ်းမြောက် နဲ့ မန္တလေး တိုင်းအတွင်းမှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မဟာမိတ်တပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက် ပါတယ်။

“ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် မဟာမိတ် တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍ အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းပါများကို တိုက်ခိုက် ချေမှုန်းလျက်ရှိပါကြောင်း တော်လှန်ပြည်သူအပေါင်းအားအသိပေးတင်ပြ” တယ်လို့ လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့က ဖော်ပြထားပါတယ်။

လုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ (Security & Special Task Force -SSTF ) က ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police) ရဲ့ အထူးတပ် ဖွဲ့ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

လုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့.(SSTF) ရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊

ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police)

လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဌာနကြီးမှ တပ်ဖွဲ့ဝင်များသည်

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍ အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းပါများကို တိုက်ခိုက်ချေမှုန်းလျက်ရှိပါကြောင်း တော်လှန်ပြည်သူအပေါင်းအား အသိပေးတင်ပြအပ်ပါသည်။

အရေးတော်ပုံ မုချအောင်တော့မည်။

လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့

Security & Special Task Force (SSTF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *