အင်းတော်မြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာကျေးရွာစခန်းမှ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် ၁၄ ဦး သေဆုံး (အလောင်းရ)ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)ဒေသက သတင်းထုတ်ပြန်သည်။

ဗိုလ်ကြီးပြုံးမောင်မောင်ဦးစီး တပ်မ(၇၇) လက်အောက်ခံ ခလရ(၆) အင်အား ၁၄ ဦးအား ကသာခရိုင် တပ်ရင်း(၂)၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ဇွန်လ၂၈ ရက် နံနက် ၄ နာရီမှ ၁၀ နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

လက်နက်မျိုးစုံ (၂၀)လက်၊ ဒရုန်းဖြတ်လက်နက် တစ်လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅)လုံး၊ ကျည် အိမ်မျိုးစုံ ၄၁ ခု၊ ဆက်သွယ်ရေးစက် ၁၂လုံး၊ ကြားဖြတ်စက် တစ်လုံး၊ Power Station တစ်လုံး၊ ဦးထုပ် (၁၁)ခု၊ ဆန်အိတ် ၄၁ အိတ် သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည့်။

ယင်းတိုက်ပွဲဖြစ်နေရာသို့ တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)ဒေသထုတ်ပြန်ချက်၌တွေ့ရှိရသည်။

မြေပြင်မှတော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းမှုအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါစခန်းကို ဇွန်လ ၂၂ရက်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ယနေ့အပြီး သတ်ထိုးစစ်ဆင် သိမ်းပိုက်ခြင်းဟု ကာကွယ်ရေးရဲဘော်များက ပြောသည်။

ဇွန်လ ၂၂ရက်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက်(၁၀၀)အရွယ်အဖွားအိုတဦးအပါအဝင်ဒေသခံ ၁၇ဦး သေဆုံးခဲ့သည်။

(အင်းတော်မြို့နယ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *