မိုးကုတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည့် TNLAနှင့် ပူးပေါင်းတပ်များ

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယအပိုင်းအဖြစ် မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မိုးကုတ်ဗျူဟာတပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့၏ လှုပ်ရှားမှု မြင်ကွင်းများဖြစ်သည်။

ဇွန် ၂၅ ရက်မှ စတင်၍ မိုးကုတ်မြို့အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့အရှေ့ခြမ်းရှိ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

လက်ရှိတွင် မြို့အနောက်ခြမ်းကို TNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သည်၊ ဇွန် ၃၀ ရက်ညနေတွင် စီးနင်းတိုက်ခိုက်နေသည့် နေရာမှာ ရွှေလိပ်ပြာတပ်စခန်း ဖြစ်သည်ဟု သိရသည်။

လတ်တလောတွင် မြို့တွင်း သွားလာမှုများမရှိဘဲ တိတ်ဆိတ်နေသည်ဟု မြို့ခံများက ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်ချို့ မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်များတွင် ထွက်ပြေးလွတ်မြောက်နေသောကြောင့် ပူးပေါင်းတပ်များ လိုက်လံရှာဖွေနေသည်၊ မြို့ခံများ နေအိမ်မှ မထွက်ခွာကြရန် အသိပေးထားသည်ဟုလည်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းတွင် TNLA နှင့်အတူ PDF များ၊ ဓနုတပ် DPLA/DPLF ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ပူးပေါင်းတိုက်ခိုက်နေသည်။

သတင်း-မြတ်ပန်း

ဓာတ်ပုံ-Myanmar Now

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top