အကြမ်းဖက် ယာယီသမ္မတ မြင့်ဆွေ မျက်လုံးခွဲစိတ်မှုအပြင် နာတာရှည် အသည်းရောဂါပါ ကုသနေရ

အကြမ်းဖက် ယာယီသမ္မတ မြင့်ဆွေ မျက်လုံးခွဲစိတ်မှုအပြင် နာတာရှည် အသည်းရောဂါပါ ကုသနေရ

အကြမ်းဖက်စစ်ကောင်စီ၏ ယာယီသမ္မတ မြင့်ဆွေသည် မျက်လုံးခွဲစိတ်မှုများ ခံယူနေသည့်အပြင် နာတာရှည် အသည်းရောဂါပါ ခံစား ကုသနေရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဆီးချိုရောဂါအခံရှိသော မြင့်ဆွေသည် မျက်လုံးခွဲစိတ်မှုအဖြစ် မကြာသေးမီက လုပ်ဆောင်ခဲ့ကြောင်း၊ များမကြာမီ နောက်ထပ် မျက်လုံးတစ်ဖက်ကိုလည်း ခွဲစိတ်ကုသမည်ဖြစ်ကြောင်း၊ မျက်လုံးခွဲစိတ်ကုသခဲ့စဉ်က ဆေးရုံတက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နာတာရှည် အသည်းရောဂါလည်း ခံစားနေရပြီး ဆေးဝါးကုသနေဆဲဖြစ်ကြောင်း၊ ရောဂါများခံစားနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း ၊ ပုံမှန် ဆေးဝါးကုသမှုများ ခံယူနေရ ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *