အဘ ဘယ်လမ်း လျှောက်မလဲ..

😊😊 အဘ ဘယ်လမ်း လျှောက်မလဲ..

မအလရဲ့ လက်ရှိအခြေအနေက ဇွတ်အတင်း ဆွဲသွင်းထားတဲ့ စစ်မူထမ်း အင်အားကိုပဲ နောက်ဆုံးမျှော်လင့်ချက် အနေနဲ့ထားပြီး ရင်တမမနဲ့ စောင့်ကြည့်နေရရှာတဲ့ ဘဝပဲဖြစ်တယ်။

မအလရဲ့ အတင်းအဓမ္မ စစ်မူထမ်း ပထမဆုံး အသုတ်ကလဲ ပြီးပြီမို့ “ဘာတွေဖြစ် လာမလဲ”ဆိုတဲ့ အဖြေကိုတော့ မကြာခင် မြင်ရတော့မှာပါ။

စိတ်ကူးထားခဲ့သမျှ ဘာတခုမှ ဖြစ်မလာပဲ အရာရာတိုင်း လွှဲချော်နေကြ မအလဟာ ဒီတခါလဲ လွှဲချော်အုံးမှာ သေချာပါတယ်။ သို့သော် ဘယ်အရာတွေကိုပဲ လွဲချော်ချော်၊ မအလဟာ စစ်တပ်ကို ဆက်ပြီး ချုပ်ကိုင်ထားဖို့နဲ့ သူရဲ့လက်ရှိ နေရာ တည်မြဲနေဖို့ကိုတော့ အလွဲအချော် မခံပါဘူး။ လိုအပ်ရင် ၂၀၀၈ နဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေကို ချနင်းသင့်ရင် နင်းမယ်၊ လက်တွဲဖြုတ်သင့်ရင်လဲ ဖြုတ်ဖို့ ဝန်မလေးတဲ့ လူစားမျိုးပါ၊ ပြောလို့မရပါဘူး။

“၂၀၀၈ နဲ့ စီနီယာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ဘယ်အချိန်မှာ ဖြုတ်မှာလဲ” ဆိုရင် တိုင်းရင်းသားတပ်တွေက နယ်မြေသိမ်းမူတွေ မတရား များလာတဲ့အချိန်ပါ။ “ဝ ပြည်လိုမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေပေးမယ်၊ ၂၀၀၈ကိုလဲ ဖျက်သိမ်းပေးမယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်”ဆိုပြီး ထွက်ပေါက်ရလိုရငြား မက်လုံးပေး မြူဆွယ်မှာပါ။

သူရဲ့ အစီအစဥ်ကို လက်မခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကိုတော့ လယ်ဆည်ဝန်ချီးဟောင်း မြင့်လှိုင်ကို ဆော်ပစ်သလိုမျိုး အပြတ် ဆော်မယ်။ သူလက်အောက်က မကျေနပ်တဲ့ စစ်ဗိုလ်ချုပ်တွေကိုလဲ စိုးထွဋ်တို့ မိုးမြင့်ထွန်းတို့ကို ကြိတ်ပစ်သလိုမျိုး အပီအပြင် ကြိတ်မှာပါ။ ဒါကြောင့် ဘယ်ကောင်မှ လှုပ်ရဲမှာ မဟုတ်ဘူး။ အသာလေး ဆက်မှေးနေပြီး အခြေအနေပေးတာနဲ့ ထွက်ပြေးဖို့ပဲ ကြံစည်ကြမှာ ဖြစ်တယ်။

အကယ်၍ သူစည်းရုံးတာကို တိုင်းရင်းသားတပ်တွေက လက်မခံပဲ ဆက်ပြီး နယ်မြေတွေ သိမ်းလာရင်တော့ “ဖဆပလခေတ် ရန်ကုန်အစိုးရ”လို့ အခေါ်ခံရသလိုမျိုး “နေပြည်တော် အစိုးရ”လို့ အခေါ်ခံရတဲ့အထိ မထူးဇါတ် ခင်းမှာကိုတော့ ပူစရာမလိုပါဘူး။

နောက်ဆုံး မဟန်ပုံပေါက်ရင် ကြူကြူလှကို လက်ဆွဲပြီး တိတ်တဆိတ် ထွက်ပြေးပါလိမ့်မယ်။ အဲဒီအတွက် အထူးလေယဥ်ကို နေပြည်တော်လေဆိပ်မှာ မအလအမိန့်နဲ့ “၂၄နာရီ အထူး Stand By” ထားပေးထားရပါသတဲ့ဗျား။

ချစ်ကိုကြီး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top