မြန်မာပြည်ပြန်မည့် သီတဂူ ဂျာမနီမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည်ဟု သတင်း ရ၍ ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်

ဆွစ်ဇာလန်တွင် ဆေးစစ်ပြီး မြန်မာပြည်ပြန်မည့် သီတဂူ ဂျာမနီမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည်ဟု သတင်း ရ၍ ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်

ဆွစ်ဇာလန်နိုင်ငံတွင် ဆေးစစ်ပြီး မြန်မာပြည်ပြန်မည့် သီတဂူဘုန်းကြီးသည် ဂျာမနီမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည်ဟု သတင်း ရ၍ ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်​ကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ ဂျာမနီရောက်တော်လှန်ရေးအင်အားစုများက သီတဂူဘုန်းကြီး၏ အပြန်ခရီးကို သတင်းရရှိသဖြင့် Frankfurt လေဆိပ် စုဝေးရောက်ရှိပြီး စစ်အာဏာရှင်အားပေးသည့် အကြမ်းဖက်ဘုန်းကြီးအတုကို ကန့်ကွက်ရှုတ်ချကြောင်း ကန့်ကွက်ကြကြောင်း၊ ကန့်ကွက်စာများကိုလည်း ဂျာမန်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်နှင့် သီတဂူဘုန်းကြီးတို့ ယှဉ်တွဲနေသော ဓာတ်ပုံများတွင်လည်း အကြမ်းဖက် သမားများ ဟု စာရေးသားပြီး ကန့်ကွက် ဆန္ဒပြမှုများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *