AA ရဲ့ မောင်တောမြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာ

(စစ်ကောင်စီဖက်က ဒဏ်ရာပြင်းထန်သူများနှင့် သေဆုံးအရာရှိရုပ်အလောင်းများအား ကမ်းထိုးရေယာဉ်ဖြင့်ယူဆောင်)

‌အာရက္ခတပ်တော် (AA)ရဲ့ ရခိုင်ပြည် အနောက်ဖက်နယ်စပ် မောင်တောမြို့ သိမ်းတိုက်ပွဲမှာ ဇူလိုင် ၃ ရက်နေ့ကနေ ဒီကနေ့ ဇူလိုင် ၆ ရက်နေ့ထိ အလွန်ပြင်းထန်လျက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီကလည်း မြေပြင်တပ်တွေ မကျရေးအတွက် လေယာဉ်တွေနဲ့သာမက နတ်မြစ်ထဲက ရေတပ် နေဗီ ၂ စီးနဲ့ လည်း အပြင်းအထန် ခုခံကာကွယ် ပစ်ခတ်နေတယ်လို့လည်း မောင်တော ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲက နေ့ရောညပါ ဆက်တိုက်ဖြစ်နေကြတာ။ မနေ့ကည ၈ နာရီမှာ အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ်။‌ နတ်မြစ်မှာရပ်ထားတဲ့ နေဗီနှစ်စီးကလည်း အမြောက်ကြီးတွေနဲ့ ပစ်ကူ ပေးခဲ့ကြရတယ်။ ဒီနေ့မနက်အာရုဏ်မှာ ဆက်ပီးတိုက်ပွဲက ပြင်းထန်လာနေတယ်။ အခုအချိန်အထိ တိုက်ပွဲကပြင်းထန်‌ နေကြဆဲ့ပါ။ရွှေဇားဖက်ကလူအသွား အလာတွေ ပိတ်ထားတယ်လို့ သိရတယ်။”လို့ မောင်တောဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဒဏ်ရာရစစ်သားတွေ၊ သေဆုံးသွားတဲ့ အရာရှိ အလောင်းတွေကို ကမ်းထိုးဇက်ရေယာဉ်နဲ့ စစ်တွေကို ယူဆောင်နေတယ်လို့ မျက်မြင် ဒေသခံတွေက ပြောဆိုပါတယ်။(ဓာတ်ပုံ- ပုံဟောင်းသာ)

Leave a Comment