တင့်ကားများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ဗန်းမော်မှ မိုးမောက် ဘက်သို့ ချီတက်လာသော တင့်ကားများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်မှ မိုးမောက်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော တင့်ကားများ ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗန်းမော်မြို့နယ်ဘက်မှ မိုးမောက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီ မိုးမောက်မြို့နယ် ၇ မိုင်အနီးတွင် KIA က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ကာ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

လက်ရှိချိန်ထိ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဗန်းမော်ကနေ မိုးမောက်ဘက်ကို စစ်ခွေးတွေ တင့်ကားတွေနဲ့ ထိုးစစ်ဆင်လာတယ်။ မနေ့က ညနေပိုင်းကနေစပြီး ဒီနေ့ နံနက်ပိုင်းထိ မိုးမောက် ၇ မိုင် နားမှာ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *