မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ခဲယမ်း၊ ရိက္ခာ များ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခဲယမ်း၊ ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီခန့်တွှု် တစ်ကြိမ် တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများစွာဖြင့် တွင်းမရွာအတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပြန်ဝင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာအား နယ် မြေရှင်းလင်းစဉ် RPG 7 အဖူး – ၅ ဖူး ၊ ပိုယမ်း ၁၀ တောင့် ၊ 60 မမ – ၂ ဗူး ၊ ကာဘိုင်ကျည် အတောင့် – ၁၅၀၀ တောင့် ၊ တော်ပီဒိုယမ်းအချောင်း – ၆ ချောင်း ၊ ဆန် ၈ အိတ် ၊ ဖုန်း – ၂ လုံး နှင့် ဆေးပစ္စည်း အစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ၊တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်တစုံတရာမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်း ၊ မြိုင်ပကဖ တပ်ခွဲ ၁ ၊ တပ်ခွဲ – ၂(ဂဠုန်) ၊ Myaing Warriors တပ်ဖွဲ့ ၊ PDF-Kamma (ကမ္မတပ်ပေါင်းစု) နှင့် KMDF (ကမ္မ တပ်ပေါင်းစု) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *