သဗျာရွာထဲဝင်ရောက်တပ်စွဲကာ ဒေသခံ မိန်းကလေးငယ်တစ်ဦးကိုပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ၄ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ဘက်ကနေ သဗျားရွာထဲဝင်ရောက်တပ်စွဲပြီး ဒေသခံတဦးကို ရိုက်နှက်ဖမ်းဆီးပြီး ၁၅နှစ်အရွယ် မိန်းမပျိုလေးကို ပစ်သတ်သွားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးPDFဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်နေ့ မနက် ၁၀ နာရီခန့်က သဗျာရွာ နတ်ရေရတနာကျောင်းအနီးရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို နွေဦးပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်တာခံရပြီး ကျောင်း၀င်းအတွင်း၀င်ရောက် နေရာယူကာအနီးပတ်၀န်းကျင်မှပြည်သူတစ်ဦးအားအကြမ်းဖက်ဖမ်းဆီးရိုက်နှက်ခဲ့ပြီး(၁၅)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကိုပစ်သတ်ခဲ့တဲ့ စစ်သားတွေ ၄ နာရီကြာတိုက်ခိုက်ခံရတာလို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ၄ ယောက်အထက်သေဆုံးခဲ့သလို ၃ယောက်အပြင်းအထန်ဒဏ်ရာရသွားတယ်လို့သိရပြီး အထိနာသွားတဲ့ စစ်အုပ်စုဟာ လောင်းလုံးမြို့ဘက်ကို ဆုတ်ခွါထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

ဒီမစ်ရှင်ကို လောင်းလုံး(ပကဖ)၊ ထား၀ယ်ခရိုင်တပ်ရင်း(၁)၊နွေဦးပြောက်ကျားတပ်ဖွဲ့၊ဓူဝံကြယ်တပ်ဖွဲ့၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *