စဉ့်ကူးမြို့ကို မန္တလေး PDF အပြီးသတ် သိမ်းပိုက်

မန္တလေးမြို့မြောက်ဘက် မိုင် ၄၀ ခန့်အကွာတွင်ရှိသော စဉ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နံနက် ၁၀ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုသည် ပြီးခဲ့သည့် ၃ ရက်ခန့်မှစ၍ စဉ့်ကူးမြို့အား ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ပြီး ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းအထိ စဉ့်ကူးမြို့အား စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-ဇူလိုင်လ ၈ ရက်နေ့က စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်တပ်ဂိတ်နှင့် ရဲစခန်းများ သိမ်းပိုက်ခဲ့စဉ် / MDY-PDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *