တောင်သာမြို့နယ်၊ တောင်ရှေ့တိုးဂိတ်နှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား(ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ရှေ့တိုးဂိတ်နှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦး သေဆုံးခဲ့ကြောင်း Myingyan District Drone Strike Team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် တောင်သာမြိုနယ် တောင်ရှေ့တိုးဂိတ်တွင် အထိုင်ချ တပ်စွဲပြီး ဆက်ကြေး ကောက်နေသော အကြမ်းဖက်စစ်သားများ နှင့် ရဲများကို မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့အမှတ် (၁၈၄၈) တပ်ဖွဲ့ နှင့် မဟာမိတ် ပူးပေါင်း အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များ ၊ ဒရုန်းများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးနှင့် ရဲတပ်သား ၅ ဦး သေဆုံးပြီး ထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ နေရာကို မြင်းခြံမြို့ဘက်မှ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁ နာရီဖြစ်ပွဦးကာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း ၊ တောင်သာမြို့နယ် ပကဖ ၊ မြင်းခြံမြို့နယ် ပကဖ ၊ မလှိုင်မြို့နယ် ပကဖ ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ ဗိုလ်စားပျောက်ကြားတပ်ဖွဲ့ နှင့် စွန်ရဲပျောက်ကြားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *