ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့ သည် မြို့လှကျေးရွာဘက်သို့ ဆုတ်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

“မြင်းစီး၊ ဆင်အင်း ၊ ကူးတို့ဆိပ်က ပျူရွာတွေက စစ်ခွေးနဲ့ ပျူတွေပါ၊ ရွှေဘိုမြို့နဲ့ အနီးဆုံး စခန်းတွေရှိတဲ့ ဘက်ကို ဆုတ်လာတာ။ စုစုပေါင်းအင်အားကတော့ ၆၀ လောက်ရှိမယ်။ အခုတော့ ရွှေဘိုမြို့နဲ့ နီးတဲ့ စစ်ခွေး၊ ပျူခွေး စခန်းတွေကို ရောက်သွားလောက်ပြီလို့ ယူဆရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းနှင့်အတူ DUGF (Dragon Urban Guerrilla Force)၊ Fire Dragon PDF (Khin Oo)တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ် မြေ ရှင်းလင်းစဉ် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *