အစားထိုးဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် ပစ်ခတ်ခံရပြီး ထပ်မံ သေဆုံးပြန်

သဲကုန်းမြို့နယ်တွင် ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဓါးသွေးကျောက်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး နေရာ အစားထိုးဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် ပစ်ခတ်ခံရပြီး ထပ်မံ သေဆုံးပြန်

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဓါးသွေးကျောက် အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး နေရာ အစားထိုးဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် ပစ်ခတ်ခံရပြီး ထပ်မံ သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

ဇူလိုင် ၁၆ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု၊ကျွဲတဲရွာနေအုပ်ချုပ်ရေးမှူး အသစ် စိုးကြီးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၅က သူ၏နေအိမ်သို့သွားရောက်ပစ်ခတ်ရှင်လင်းရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အသစ် စိုးကြီးသည် တော်လှန်ရေးတပ်များက ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အုပ်ချုပ်ရေးမှူးအဟောင်း ကျော်ကြီးနေရာတွင် အစားထိုး ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ဓါးသွေးကျောက်အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးကျော်ကြီးကို တော်လှန်ရေးတပ်များက ရှင်းလင်းခဲ့ပြီးနောက် ရာအိမ်မှူး စိုးကြီးသည် အုပ်ချုပ်ရေးမှူးအသစ်ဖြစ် တာဝန်ယူခဲ့ကြောင်း၊ စိုးကြီးသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး စစ်မှု ထမ်းဥပဒေဖြင့် တပ်သားသစ်များစုဆောင်းခြင်း၊ ပြည်သူ ၂ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းကိုထောက်လှမ်း၍ စစ်ကောင်စီထံလည်း ပေးပို့နေသူဖြစ်ကြောင်း၊ ထို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်အာဏာရှင် တော်လှန်ချေမှုန်းရေး အတွက် စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ကျန်ရှိနေသောအုပ်ချုပ်ရေးမှူးများ ပြည်သူနှင့်ပူးပေါင်းပြီး အမြန်ဆုံးနုတ်ထွက်ကြရန် အသိပေးတိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *