မတ္တရာမြို့ပေါ်ရှိ Non CDM ဝန်ထမ်းများ ထွက်ပြေးကုန်ပြီ

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ Non CDM ဝန်ထမ်းများ ထွက်ပြေးကုန်ပြီဖြစ်ကြောင်း သိရသည်။

PDFတို့၏ ထိုးစစ်သည် မတ္တရာမြို့နှင့် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်၍ မြို့နေပြည်သူများရော Non CDM ဝန်ထမ်းများပါ ထွက်ပြေးသွားကြပြီဖြစ်ကြောင်း မတ္တရာ အရှေ့ခြမ်းမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

“မြို့နေပြည်သူတွေကတော့ ကိုယ့် ရပ်ဆွေရပ်မျိုးတွေ ရှိတဲ့ရွာတွေဘက်ကို ရှောင်လာကြတာလည်းရှိတယ်။ မန္တလေးမြို့ပေါ်တက်ကြတာလည်း ရှိတယ်။ Non CDM တွေကတော့ မန္တလေးကိုပဲ ပြေးကြတာများတယ်။ EPC ဝန်ထမ်းတွေရော ထွေအုပ်ရုံးကသူတွေရော မိသားစုလိုက် ပြေးကုန်ကြပြီ ” ဟု ၎င်းကပြောသည်။

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲများစတင်ကတည်းက မြို့နေပြည်သူများနှင့် ကျေးလက်နေပြည်သူများကို လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးနေကြောင်း အမည်မဖော်လိုသည့် ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ကျတော်တို့ကတော့ ပြည်သူတွေကို စစ်ရေးသတိရှိဖို့ အမြဲပြောတယ်။ ရှောင်ပါ၊မရှောင်ပါဆိုတာ ကျ ပြောရခက်တယ်။ ရှောင်တော့ဆိုပြီး ထွက်ခိုင်းရင် ကိုယ့်ဘက်ကကိစ္စတွေ ရန်သူရိပ်မိသွား နိုင်တယ်။ ဒီတော့ စစ်ရေးသတိရှိဖို့ပဲ မှာရတယ်။ ထွက်လာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုတော့ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် ရွှေ့ပြောင်းပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေး – မတ္တရာ လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များတွင် စစ်ရှောင်ပြည်သူများကို ပိတ်ဆို့ထားကာ မန္တလေးမြို့သို့အဝင်ကိုလည်း လက်မခံတော့ကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *