မြင်းခြံမြို့နယ်တွင် စစ်တပ်တိုးဂိတ်များ၊ စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃၀ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တန်းရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်တန်းကျေးရွာကို စစ် ကြောင်း ထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တော်လှန်‌ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မလှိုင် ပကဖ ၊ စွန်ရဲ ပြောက် ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၉ ရက်နေ့နှင့် ဇူလိုင်လ ၁၀ ရက်နေ့တို့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့်တောင်သာအကြား တိုးဂိတ် (ခေါ်) တောင်ရှေ့ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့နယ်၊ လက်ဝဲကျေးရွာအနီးတိုက်ပွဲ၊ ကွမ်းစိုက်ကျေးရွာနှင့် တောင်ရှေ့ ကျေးရွာအနီး တိုက်ပွဲတို့တွင် စစ်တပ်ဘက်မှ ၂၉ ဦးသေဆုံးကြောင်း Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ် ရင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်း မြင်းခြံနှင့် တောင်သာအကြားရှိ တိုးဂိတ် (သို့မဟုတ်) အများအခေါ် တောင်ရှေ့ ဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံးကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့ မြင်းခြုံမြို့နယ်၊ ကွမ်းစိုက်ရွာနှင့် တောင်ရှေ့ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ၊ စစ်ဆင်ရေးတိုက်ခိုက်မှုများကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများနှင့် အခြားLocal မဟာမိတ်တပ် ဖွဲ့ များ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *