အောင်သာပျူရွာတိုက်ပွဲရုပ်သံမှတ်တမ်း

ပခုက္ကူ ပျူစခန်းသိမ်း တိုက်ပွဲမှာ (၁၀)ယောက် ဖမ်းမိ၊ အလောင်းနဲ့ လက်နက်တွေရ (ရုပ်သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲ အအောင်မြင်ဆုံး ပျူစခန်းသိမ်း တိုက်ပွဲအဖြစ် မြို့နဲ့(၁၅)မိုင်အကွာက အောင်သာရွာ ပျူစခန်းကို စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုနဲ့ပျူစောထီး ငါးယောက် သေပြီး (၁၀)ယောက် အရှင်ဖမ်းမိကာ သေနတ်အမျိုး အစားအစုံ (၁၀)လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်(၁၇)ရက် မနက်(၅)နာရီက ပခုက္ကူမြို့နယ်၊ အောင်သာရွာပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် တစ်နာရီခန့် ကြာမြင့်ခဲ့တယ်လို့ PRF က ဆိုပါတယ်။

အဲ့ဒီ ပျူစခန်းသိမ်း တိုက်ပွဲကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ၊ ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF) ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) ၊ ABSDF အမှတ်(၃)စစ်ကြောင်း၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် BLY ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူမြို့နယ် စုဖွဲ့မှု တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်သူ့လက်နက်(၁၁)လက်နဲ့ ရန်သူ့သုံ့ပန်း(၁၀)ဦး ဖမ်းဆီးရမိခဲ့တဲ့ အောင်သာပျူရွာတိုက်ပွဲရုပ်သံမှတ်တမ်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *