မန္တလေးက နန်းနန်းတို့ အနီရောင်အဆင့်

❗မန္တလေး❗

မန္တလေးမြို့နေ အစိုးရဝန်ထမ်းတစ်ချို့မှ သတင်းပေးပို့ချက်များအရ အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ တစ်လတိတိ မန္တလေးမြို့တွင် အရေးပေါ်အခြေအနေဟု သတ်မှတ်ထားကြောင်း ၎င်းတို့၏လက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများအား အသိပေးထားကြောင်းသိရသည်။

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီသည် မန္တလေးမြို့ရှိ ၎င်းတို့၏လက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများအား ရိက္ခာခြောက်များ တစ်လစာ စုဆောင်းထားရန်လဲ ညွှန်ကြားထားကြောင်းသိရသည်။

❗မန္တလေး❗

ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ ၃၅ လမ်းနှင့် တည့်တည့် ဧရာဝတီမြစ်ထဲ၌ အကြမ်းဖက်စစ်ကောင်စီစစ်သင်္ဘောတစ်စီး ကင်းလှည့်နေကြောင်း သရသည်။

ထို့အပြင် ဇူလိုင်လ ၁၇ ရက်နေ့ တစ်နေကုန် ဧရာဝတီမြစ်ထဲ၌ အကြမ်းဖက်စစ်ကောင်စီပိုင် speed boat များလဲ ကင်းလှည့်နေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *