မိုးမိတ်မြို့ကို TNLA ထိန်းချုပ်

မိုးမိတ်မြို့ပေါ် တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးသည် ဇူလိုင်လ ၁၄ ရက်ကတည်းက ထွက်ပြေးသွားပြီး ယခုအခါ TNLA ရဲတပ်ဖွဲ့က မြို့လုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

“မြို့ထဲမှာ စစ်တပ်မရှိတော့ဘူး။ အကုန်ထွက်ပြေးတာ။ ခိုးဆိုးလုယက်တာတွေ ဖြစ်မှာစိုးလို့ TNLA ရဲတွေက မြို့ကို ပတ်ပြီး လုံခြုံရေးယူပေးတယ်”ဟု ဒေသခံတစ်ဦးကပြော
သည်။

အနက်ရောင်ယူနီဖောင်းဝတ်TNLA ရဲတပ်ဖွဲ့က ကားများ၊ ဆိုင်ကယ်များဖြင့် ကင်းလှည့်နေခြင်းဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နှင့် ၂မိုင်ခန့်အကွာ မြို့ပြင်ရှိ စကခ-၂၁၊ ခလရ-၂၂၃တို့၌ သွားရောက်ပူးပေါင်းနေကြပြီး ထိုတပ်ရင်းများကို TNLA က ဆက်လက်တိုက်ခိုက်နေသည်။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

မိုးမိတ်မြို့​ပေါ်ရှိ စစ်​ကောင်စီတပ်စခန်းများကို KIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်ဖွဲ့များက ၂၀၂၄ ဇန်နဝါရီ လတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်​ကောင်စီတပ်စခန်းများသိမ်းပိုက်နိုင်ခဲ့​သည်။သို့​သော် ​နောက်ပိုင်းတွင် ထိုးစစ်ကိုရပ်တန့်ပြီး ပြန်လည်ဆုတ်ခွာခဲ့သည်။

((TNLA တပ်ဖွဲ့ဝင်များ ၊ ရှမ်း​မြောက်နှင့် မန်းတိုင်းစစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ် ၊ မိုးမိတ်မြို့ကို ၂၀၂၄ ဇန်နဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-TNLA ၊ CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *