မြောင်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Myaung Rangers Force (MRF) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၄၀ မိနစ် အထိ မြောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၂၅ မိနစ်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး ညီနောင် CDSOM အဖွဲ့မှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaung Rangers Force (MRF) ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM နှင့် မြောင်မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *