🔴မြို့ပြတွေ အနီရောင်အဆင့် 🔴📣အရေးပေါ်အခြေအနေ ကြေညာထားပြီ📣

♦️နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြစဉ်အတွင်း ထိခိုက်မှုလျော့ပါးသက်သာစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရပါမယ်။

♦️ကျေးလက်ဒေသတွေမှာလို ဗုံးခိုကျင်းနှင့်ကတုတ်ကျင်းတွေတူးဖော်ဖို့ခက်ခဲတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မိမိတို့နေအိမ်ဝန်းခြံများအတွင်း အရေးပေါ်ခိုလှုံရာနေရာတွေ စီမံဆောင်ရွက်ထားမယ်ဆိုရင် အန္တရာယ်ကျရောက်ချိန်မှာ အသက်အန္တရာယ်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရတာတွေ သက်သာစေမှာဖြစ်ပါတယ်။

♦️ကျနော်တို့ပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ပစ္စည်းတွေကို သုံးပြီး နေအိမ်ဝန်းခြံတွေထဲမှာ နည်းစနစ်တကျ အရေးပေါ်ခိုလှုံရာနေရာတွေ ဖန်တီးထားနိုင်ကြဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ပုံတစ်ပုံချင်းစီမှာဖော်ပြပေးထားပါတယ်။ အခုလို ခက်ခဲတဲ့ကာလမှာ ချစ်ခင်ရသူတွေကိုလည်း ပြန်လည်မျှဝေပေးကြဖို့ပါ တိုက်တွန်းလိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ

လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန


Comments

Leave a Reply

Your email address will not be published. Required fields are marked *