ဖာပွန်ခရိုင် ဇူလိုင်လဝက်တိုက်ပွဲ စစ်ကောင်စီတပ် ၄၀ ခန့်သေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ တိုက်ပွဲသတင်းဖော်ပြခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်များအကြား တိုက်ပွဲ ၆၆ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဗိုလ် အဆင့် အရာရှိတစ်ဦး ပါဝင်သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း KNLA တပ်မဟာ(၅) ဘက်က ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က မြင်းလားတစ်ကောင် သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်စခန်း အချို့လည်း မီးလောင် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

KNLAတပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များသည် ဇွန်လအတွင်းကလည်း တိုက်ပွဲ ၁၂၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ ဦးသေဆုံးကာ တပ်မဟာ(၅)ဘက်က ၂ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ဒီဇင်ဘာလ ၆ ရက်က တွေ့ရစဉ်။ဓာတ်ပုံ – KNU)


Comments

Leave a Reply

Your email address will not be published. Required fields are marked *