အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၏ တိုင်းမှူးအသစ်အဖြစ် မင်းအောင်လှိုင် လူယုံ တပ်မ ၉၉ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်

မြောက်ပိုင်းမဟာမိတ်တပ်များ ၀ိုင်းတိုက်ခံနေရသော လာရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၏ တိုင်းမှူးအသစ်အဖြစ် မင်းအောင်လှိုင် လူယုံ တပ်မ ၉၉ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ တိုင်းမှူးအဖြစ် မင်းအောင်လှိုင် လူယုံ ထီးတော်မိုး တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို ခန့်အပ်လိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ကပြောကြားသည်။

ဇူလိုင် ၁၈ ရက်နေ့ တွင် ရမခ တိုင်းမှူးအသစ်အဖြစ် ဗိုလ်မှူးချုပ် စိုးလှိုင်ကို ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဗိုလ်ချုပ် စိုးတင့် တေဇ ၁၆။ အခု မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ၄ ရက်တာ ကာလအပစ်ရပ်ကာလမှတာင် အရင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်။ အခု တပ်မ ၉၉ တပ်မှူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စိုးလှိုင်ကို ၁၈ ရက်နေ့ကနေစပြီးတော့ ရမခ တိုင်းမှူးအဖြစ် ခန့်ထားလိုက်တယ်ဗျ။ ဗိုလ်မှူးချုပ်စိုးလှိုင်က ပြောရမယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ လူရင်း လက်ရင်းထဲကလို့ ပြောလို့ရတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောပြသည်။

ယခု ရမခ တိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ် စိုးလှိုင်သည် မင်းအောင်လှိုင်၏ လူယုံ ထီးတော်မိုး တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး မင်းအောင်လှိုင်ကို မြောက်ပင့်တတ်သူဖြစ်ကြောင်း၊ မင်းအောင်လှိုင် အားကိုးရသည့် လူထဲတွင် ပါဝင်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ရမခ ထိုးစစ်များတွင် မင်းအောင်လှိုင်နှင့် တိုက်ရိုက်ဆက်သွယ်မှုများ၊ အမိန့်ပေးမှုများ ရှိလာမည့် အခြေအနေဖြစ်ကြောင်း CDM ဗိုလ်ကြီဂ ဇင်ယော်က ပြောကြားသည်။

“မင်းအောင်လှိုင်အနေနဲ့ တိုင်းမှူးတွေ၊ ကစခမှူးတွေ၊ ညွှန်မှူးတွေ ညွှန်ချုပ်တွေနေရာမှာ သူလုံးဝ ယုံကြည်ရတဲ့ သူငယ်ဘဝက ပေါင်းသင်းခဲ့တဲ့ သူ့ရဲ့ တပည့်တွေကိုသာ နေရာကြီးကြီးပေးပြီးတော့ သူ့ရဲ့ အဓိက လူယုံ၊ သူအာဏာကုန်ပေးအပ်ထားတာ တွေ့ရပါတယ်။ အဲဒီတော့ မင်းအောင်လှိုင်က သူ အရင်တုန်းက အရမ်းရင်းနှီးခဲ့တဲ့ လူတွေ ။ တော်ခြင်း မတော်ခြင်း တတ်ခြင်း မတတ်ခြင်း မသိဘူး သူ့တပည့် ဖြစ်ရမယ်၊ သူ့အကြိုက်လိုက်လုပ်နိုင်ရမယ်၊ အဲဒီလိုလူမျိုးတွေကိုသာ ထိပ်ပိုင်းစစ်ဘက်ရာထူးတွေ အရပ်ဖက်ရာထူးနေရာမှာ ပေးနေတာ တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ရံတော် ဗိုလ်မှူးချုပ်တစ်ယောက်က လွဲပြီး ကျန်တဲ့ လူတွေကို နေရာပြောင်းတာတွေ ခပ်စိတ်စိတ်လုပ်လာတာပါ” ဟု CDM ဗိုလ်ကြီဂ ဇင်ယော်က ပြောကြားသည်။

လက်ရှိအချိန်တွင် တိုင်းမှူးထဲတွင် စိုးလှိုင် ၂ ယောက် ရှိနေပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဗိုလ်မှူးချုပ်စိုးလှိုင်ရှိပြီး ယခု အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တွင် အသစ်ခန့်လိုက်သည့် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီလ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတွင် ပြည်သူ့စစ်များကို လက်နက်များ တပ်ဆင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *