နောင်ချိုတိုက်ပွဲတွေအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲဘော်များ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ MDY-PDF တို့နဲ့အတူ နောင်ချိုတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေကြတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ ထုတ်ပြန်ပါတယ်။

DPLA ဟာ ဇွန် ၂၆ ရက်နေ့မှာ နောင်ချိုမြို့နယ်အတွင်းက ကန့်ကော်၊ ရဲစခန်း၊ ဆေးရုံ၊ ရွှေညောင်ပင်နဲ့ ကျောက်ကြမ်းစခန်း တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ ၆၀၆ အမြောက်တပ်ရင်းစခန်းသိမ်း တိုက်ပွဲတွေမှာ TNLA၊ MDY-PDF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိတွင် နောင်ချိုမြို့ကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

DPLA ဟာ ၁၀၂၇ စစ်ဆင်ရေးတုန်းကလည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့သီပေါမြို့နယ်တွေက စစ်ကောင်စီစခန်းသိမ်းပွဲတွေမှာလည်း မဟာမိတ်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *