ဗဟိုဘဏ် ညွှန်ချုပ် စစ်အရာရှိဟောင်း မင်းဟန်စိုးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား လုပ်ငန်းခွင် ပြဿနာဖြစ်ပွားနေမှု စစ်ထောက်လှမ်းရေးက လာရောက်စစ်ဆေးနေ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေနှင့် ဗဟိုဘဏ် ညွှန် ကြားရေးမှူးချုပ် စစ်အရာရှိဟောင်း မင်းဟန်စိုးတို့အကြား အာဏာ အားပြိုင်သည့် လုပ်ငန်းခွင် ပြဿနာများဖြစ်ပွားနေပြီး ပုဂ္ဂလိကဘဏ်များက တိုင်ကြားသည့်အတွက် စစ်ထောက်လှမ်းရေးက ဗဟိုဘဏ်တွင် အထိုင်ချ၍ လာရောက်စစ်ဆေးနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် မင်းဟန်စိုးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်း စစ်အရာရှိဟောင်းဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား ပြဿနာများဖြစ်ပွားခဲ့ကြောင်း၊ မင်းဟန်စိုး၏ ဇနီးဖြစ်သူမှာလည်း ဗဟိုဘဏ်လက်အောက်ခံ ဌာနတစ်ခု၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး လွန်ခဲ့သော ၅ လခန့်က ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေနှင့် ပြဿနာ တက်ရာမှ အလုပ်ထွက်လိုက်ရကြောင်း၊ ယင်းနောက် ညွှန်ချုပ် မင်းဟန်စိုးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများစွာဖြစ်ပွားလာကြောင်း၊ ဥက္ကဋ္ဌ သန်းသန်းဆွေက ဗဟိုဘဏ်၏ လုပ်ငန်းများမှာ နှောင့်နှေးမှုများမှာ မင်းဟန်စိုးကြောင့် ဖြစ်သည်ဟု အပြစ်ဖို့ကြောင်း၊ နောက်ဆုံးတွင် ပုဂ္ဂလိကဘဏ်များ၏ တိုင်ကြားမှုကြောင့် စစ်ထောက်လှမ်းရေးက ညွှန်ချုပ် မင်းဟန်းစိုးနှင့် ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား ပြဿနာကို လာရောက် စစ်ဆေးရသည်အထိ နှစ်ဖက် ပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း သိရှိရသည်။

“ညွှန်ချုပ် ဦးမင်းဟန်စိုးရဲ့ မိန်းမကလည်း ဗဟိုဘဏ်မှာ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ပဲ ။ လွန်ခဲ့တဲ့ ၅ လလောက်က ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ ပြဿနာတက်ပြီး အလုပ်ထွက်လိုက်ရတယ်။ အဲဒီတော့ စစ်အရာရှိဟောင်း ညွှန်ချုပ် ဦးမင်းဟန်စိုးနဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ အကြား ပြဿနာတွေ တက်ကြတယ်။ ပုဂ္ဂလိဘက ဘဏ်သူ​ဌေး​တွေက ဗဟိုဘဏ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီကို ပြန်တိုင်တယ်။ အဲဒီမှာ စစ်ထောက်လှမ်းရေးက ဗဟိုဘဏ်ညွှန်ချုပ် ဦးမင်းဟန်စိုးနဲ့ ဥက္ကဌ ဒေါ်သန်းသန်း​ဆွေတို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို လာစစ်တယ်” ဟု နေပြည်တော်သတင်းရင်းမြစ်ကပြောဆိုသည်။

လက်ရှိ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် မင်းဟန်စိုးသည် ယခင် ဘဏ္ဍာရေးဝန်ကြီး လှထွန်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော စစ်အရာရှိဟောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဗဟိုဘဏ်ညွှန်ချုပ် မင်းဟန်းစိုး (နောက်တန်းဝဲဘက်)နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *