တရုတ်တောင်းဆို၍ ဇူလိုင် ၃၁ ရက်ထိ MNDAA အပစ်ရပ်မည်

တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၃၁ ရက်အထိ ယာယီ အပစ်ရပ်ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့တွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၁၂ ရက်ကြာ အပစ်ခတ်ရပ်စဲမည်ဟု ဖော်ပြထားပြီး အပစ်ရပ် ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ခြင်းခံရပါက ခုခံကာကွယ်သည့် တန်ပြန် တိုက်ခိုက်မှုများကို သင့်တော်သလို ပြုလုပ်နိုင်ကြောင်းလည်း ဆိုထားသည်။

လက်ရှိတွင် MNDAA၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပါဝင်သော ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်လျက်ရှိသည်။

ယမန်နေ့ ညသန်းခေါင် ၁၂နာရီအချိန်ခန့်တွင် လားရှိုးမြို့ပြင် ၁၃မိုင်သို့ စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ရက် ညနေ ၄နာရီခွဲခန့်တွင် စစ်တပ်က သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို လေကြောင်းဖြင့် အမြောက် ၈ လုံးချခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်းလည်း MNDAA က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသည့် ၄ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ထုတ်ပြန်သည်။

ပုံစာ- ၁၀၂၇ အပိုင်း ၁ စစ်ဆင်ရေးအတွင်း ကုန်းကြမ်းမြို့အား သိမ်းပိုက်ပြီးနောက် တွေ့ရသော MNDAA တပ်ဖွဲ့ဝင်များ/ The Kokang

#WhatsHappeningInMyanmar
#RejectMilitaryCoup

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top