ချောက် ဆူးတောရွာအတွင်းကစစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါဝင် ၁၁ဦးသေ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ မြေပဒုံအုပ်စု၊ ဆူးတောရွာအတွင်း ဝင်ရောက်တပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ည ၈နာရီခွဲမှာ အင်အား ၃၀နဲ့ရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ၄၅မိနစ်ကြာအပြန်အလှန်တိုက်ခိုက်ခဲ့ရာ အရာရှိအပါဝင် ၁၁သေ၊ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

“အလစ်ငိုက်မိပြီး စခတွေခံလိုက်ရတာ။ ကျတဲ့အထဲ အရာရှိပါတယ်။ သေတဲ့ကောင်နဲ့ထိတဲ့ကောင်တွေအတော်များတယ်ဗျ။ သေနတ်တော့ကောက်မရခဲ့ဘူးပြောတယ်”လို့ ဒေသတော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဒီမစ်ရှင်ကို Chauk Guerrilla Force (C.G.F) ၊ ချောက် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *