ညောင်ရွှေတိုက်ပွဲ PNOပြည်သူ့စစ်စခန်း နှစ်ခုရ၊ ပြည်သူ့စစ် ၁၅ဦးထက်မနည်းသေဆုံးဟုဆို

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်စခန်းနှစ်ခုရရှိပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများ ရရှိကြောင်း ကရင်နီတော်လှန်ရေးအင်အားစု တာဝန်ရှိသူထံမှ သိရသည်။

ညောင်ရွှေမြို့နယ်၊လွယ်လုံကျေးရွာအနီး PNO စခန်းနှစ်ခုကို ဇူလိုင် ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့ခြင်းဟု ဆိုသည်။

“လက်နက်ကြီး၊ငယ် ၁၀လက်ကျော်ရတယ်။ ပူးပေါင်းတပ်မှ ထိခိုက်ပေးဆပ်မူရှိတယ်”ဟု အထက်ပါတာဝန် ရှိသူကပြောသည်။

ဇွန်လဆန်းပိုင်းကစတင်ခဲ့သော ရှမ်းတောင်နှင့် ကရင်နီပြည်သို့ စစ်ကောင်စီတပ်နှင့် PNO ၏ တစ်ဖတ်သတ်ထိုးစစ်ကို တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၈ ရက်ကစ၍ တန်ပြန်ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။

ညောင်ရွှေမြို့နယ်ရှိ စံကားနှင့် ဆည်ခေါင်းကျေးရွာတို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဇူလိုင် ၂၀ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ရှောင်ဒေသခံ တစ်သောင်းကျော်ရှိနေကြောင်းလည်း Voice Of Pinlaung တာဝန်ရှိသူကအသိပေးသည်။

(ရှမ်းတောင်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများသိမ်းပိုက်ခဲ့သည့် လွယ်လုံရွာမှ PNO စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ – The Dragon)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top