ကြေးနီကားတွေကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင် စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းဒေသ၊ မြင်းမူမြို့နယ်မှာ ကြေးနီကားတွေကို လုံ ခြုံရေး ယူပေးနေတဲ့ စကစ တွေ ဇူလိုင် ၁၉ ရက်မှာ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တို့မြန်မာကျော်ဆီဆိုင်နဲ့ Max ဆီဆိုင်မှာရှိတဲ့ စကစ တပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံးကျော်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရသူ စကစ ၃ ဦးလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို PEACOCK Drone Team-Myaung၊ Standard Revolution Force SRF-MMU ၊ National Security Force. NSF.SGG ၊ Dog Killer People Defense Force နဲ့ မြင်းမူမြို့နယ် ပကဖ တို့ ပူးပေါင်းလုပ် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *