စစ်ဆင်ရေးက ရန်ကုန်၊ ပဲခူးနဲ့ နေပြည်တော်နားထိရောက်နေပြီ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြေပြင်စစ်ဆင်ရေးတွေဟာ ရန်ကုန်နဲ့ ပဲခူးတိုင်း အပါအဝင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်အနီးကိုပါရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်ဆင်ရေးတွေ ပိုမိုပီပြင်လာတာတွေကို တွေ့ရလိမ့်မယ်လို့ NUG ရဲ့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး အောင်စံရှား က ဧရာဝတီကို ပြောပါတယ်။

S.O.F အဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ အဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ S.O.F အဖွဲ့ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တို့မှာ ကျေးလက် စစ်ကြောင်း ၂ ကြောင်း လှုပ်ရှားနေပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာတော့ မြို့ပြပြောက်ကျား တပ်တွေအဖြစ် လှုပ်ရှားနေတာဖြစ်ပါတယ်။ ကျေးလက် စစ်ကြောင်း တကြောင်းကို အင်အား ၃၀၀ သတ်မှတ်ထားကြောင်းသိရပါတယ်။

S.O.F ရဲ့ မြို့ပြစစ်ဆင်ရေးတွေမှာ ပျံလွှားအောင်၊ နန်းထိုက်အောင် စတဲ့ အမည်တွေနဲ့ လှုပ်ရှားမှုတွေကို တွေ့ခဲ့ရပြီး ကျေးလက် စစ်ကြောင်းတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာတွေ့ရပါတယ်။

ဒီအကြောင်းတွေအပါအဝင် S.O.F ရဲ့ သုံးနှစ်အတွင်း စစ်ဆင်ရေးလှုပ်ရှားမှုတွေ၊ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး NUG ရဲ့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး အောင်စံရှား ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *