စစ်သုံ့ပန်း ၁၀၀ ဦးကျော်ကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအရ လူဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထား

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့အုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး အောင်ကျော်ဇင်၊ ဗိုလ်ကြီးထက်ကျော်၊ ဗိုလ်ကြီးဌေးလင်းကျော် ၊ ဗိုလ်ကြီးအေးကို၊ ဗိုလ်ကြီးထွန်းနိုင်၊ ရဲမှူးရွှေသိမ်းမောင် နှင့်ဒုရဲမှူးကျော်မြင့်ဦးတို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

စစ်သုံ့ပန်း ၁၀၀ ဦးကျော်ကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအရ လူဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေး အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်ဇင်၊ ဗိုလ်ကြီးထက်ကျော်၊ ဗိုလ်ကြီးဌေးလင်းကျော်၊ ဗိုလ်ကြီးအေးကို၊ ဗိုလ်ကြီးထွန်းနိုင်၊ ရဲမှူးရွှေသိမ်းမောင်နှင့်ဒုရဲမှူးကျော်မြင့်ဦးတို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုက စဉ့်ကူးမြို့နှင့် စဉ့်ကူးမြို့နယ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ ယင်းသို့ သိမ်းပိုက်ရာတွင် စစ်သုံ့ပန်း ၁၁၃ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ယင်းတို့ထဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်ဘက်အရာရှိကြီးများနှင့်ရဲအရာရှိများ ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်သုံ့ပန်း များတွင် ခမရ ၇၀၃ ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို ၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ ၇၀၈ တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ ၇၀၈ မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ ၉၃ မှ ဗိုလ်ကြီး အေးကို၊ ခမရ ၇၀၈ ၏ တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊ လက်ပန်လှ နယ်မြေရဲစခန်းမှ ရဲမှူးကျော်မြင့်ဦး ၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဒုရဲမှူး ရွှေသိမ်းမောင် တို့ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် -၁၂၂၂ တပ်ရင်း၏ ထုတ်ပြန်ချက်တွင် စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ဗိုလ်ကြီး ၄ ဦး၊ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၄ ဦး၊ဒုတပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၂ ဦး၊တပ်သား ၉ ဦး၊စခန်း မှူး ၂ ဦး(လက်ပံလှ၊စဉ့်ကူး) အပါအဝင် စဉ့်ကူးမြို့နယ် ရေတော်ပျူခေါင်းဆောင် ငနိုင် ၊ ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်း လင်း စသည့် စဉ့်ကူးမြို့နယ်တကြော ပြည်သူ့အပေါ် အဓမ္မ ဖမ်းဆီး၊အနိုင်ကျင့်၊လုယက်၊သတ်ဖြတ်၊ငွေညှစ်ခဲ့ကြသော ပျူ စောထီး ခေါင်းဆောင်များ၊ ပျူစောထီးလက်နက်ကိုင်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း စစ်အရာရှိများက တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်းဆောင်ရွက်ရန် တရားဝင် တိုက်တွန်းခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်က ကျေးရွာများကို မီးရှို့ရခြင်းမှာ သက်ဆိုင်ရာ တိုင်းမှူး၏ အမိန့်အရ မီးရှို့ရခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း ခမရ ၇၀၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်မင်းကို ဝန်ခံ (ရုပ်/သံ)

စစ်ကောင်စီတပ်ဘက်မှ စစ်သည်နှင့်အရာရှိများအားလုံး လက်နက်ချ အလင်းဝင်ကြရန် စစ်သုံ့ပန်းအရာရှိများ တိုက် တွန်း

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ရခြင်းမှာ သက်ဆိုင်ရာ တိုင်းမှူး၏ အမိန့်အရ မီးရှို့ရခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း ခမရ ၇၀၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်မင်းကိုက ဝန်ခံပြောဆိုလိုက်သည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သည့် ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် စစ်ကောင်စီတပ်မှ အရာရှိကြီးများကို တွေ့ဆုံပြီးပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်ထားကြောင်းအမှတ် ၁၂၂၂ တပ်ရင်း မိုးကုတ်ဗျူဟာ ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်။

“ရွာတွေကို မီးရှို့တဲ့ဖြစ်စဉ်တွေကတော့ သက်ဆိုင်ရာ တိုင်းအလိုက် တိုင်းမှူးတွေနဲ့ပဲဆိုင်မယ်ထင်ပါ တယ်။တချို့ဟာတွေကျတော့ တိုင်းစစ်ဌာနချုပ်တိုင်းမှူးတွေရဲ့ Command ပေးမှုကြောင့် လုပ်တာ လို့ယူဆပါတယ်။ ပြောရရင်တော့ မထူးပါဘူး။ Command ရထားပြီးသားမို့ရှို့တာပါ” ဟု ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို က ဝန်ခံပြောကြားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၄ ဦး၊ တပ်သား ၉ ဦး၊ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့မှ စခန်းမှူး ၂ ဦး (စဉ့်ကူး၊ လက်ပံလှ စခန်းတို့မှ စခန်းမှူးများ)ပျူစောထီးခေါင်းဆောင်များကို တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသော စစ်သုံ့ပန်း များတွင် ခမရ ၇၀၃ ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို ၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ ၇၀၈ တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ ၇၀၈ မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ ၉၃ မှ ဗိုလ်ကြီး အေးကို၊ ခမရ ၇၀၈ ၏ တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွ၏ တပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်ဦး ၊လက်ပန်လှ နယ်မြေရဲစခန်းမှ ဒုရဲမှူး ရွှေသိမ်းမောင် တို့ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် စဉ့်ကူးမြို့နယ် ရေတော်ပျူစောထီးခေါင်းဆောင် ငနိုင် ၊ ဒိုးပင်ကုန်း ဇီးပင်ကုန်း ပျူစောထီး ခေါင်းဆောင်ထွန်းလင်း စသည့် စဉ့်ကူးမြို့နယ်တကြော ပြည်သူ့အပေါ် အဓမ္မ ဖမ်းဆီး ၊ အနိုင်ကျင့်၊ လုယက်၊ သတ်ဖြတ်၊ ငွေညှစ်ခဲ့ကြသော ပျူခေါင်းဆောင်များအပါအဝင် ပျူစောထီး လက်နက်ကိုင် များကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း အမှတ် ၁၂၂၂ တပ်ရင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားသသည်။

အဆိုပါ ဖမ်းဆီးရရှိသည့် စစ်သုံ့ပမ်းများကို အမှတ်-၁၂၂၂ တပ်ရင်း တာဝန်ခံနှင့် တပ်ရင်းမှူးမှ စစ် ကောင်စီတပ်ရှိ အရာရှိ အရာခံများနှင့် ပြောဆိုမေးမြန်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် စစ်သုံပန်း အရာရှိများက တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းကြသည်။

“ဒီမှာရောက်ရှိနေတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေအကုန်လုံးက စဉ့်ကူးမြို့နယ်မြို့သိမ်းတိုက်ပွဲမှာ စဉ့်ကူးမြစ်ကတစ်ဖက် ဧရာဝတီမြစ်ကတဖက် ဖြစ်နေတဲ့အတွက် ဒီမြစ်ကို ခုန်ချတဲ့အခါမှာ သူတို့ လည်းဘယ်လိုမှ မတတ်သာတဲ့အဆုံး သူတို့မြို့ကိုစွန့်ပြီး ပြေးရတဲ့အခါမှာ ကျနော်တို့ဆီမှာရောက် လာပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့အခါ လူတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံပေးတယ်။” ဟု အမှတ် ၁၂၂၂ တပ်ရင်းမှူး ရဲဘော် ဒိုးလေးက ပြောကြားသည်။

ဇူလိုင်လ ၁၉ ရက်နေ့ မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းက ဖမ်းဆီးရရှိထားသည့် ဒုဗိုလ်မှူးကြီး အောင်မင်းကိုအပါအဝင် စစ်သုံ့ပန်းများကို MDY PDF သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ထုတ်ပြန်ထား သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *