အစာငတ်သေနေပြီ ဖြစ်တဲ့ စစ်ကျွန်တွေရဲ့ဘဝ

“အစာငတ်သေနေပြီ ဖြစ်တဲ့ စစ်ကျွန်တွေရဲ့ဘဝ (သို့) ပြည်သူ့ကျိန်စာသင့်ပြီး ပဲဆိပ်တက်နေပြီ ဖြစ်တဲ့ စစ်တပ်မိသားစုဝင်များ”

ချင်းပြည်နယ် မတူပီမြို့ကနေ စစ်ရှုံးပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးကြရတဲ့ စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ ကျွန်သပေါက် စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပါ ပြေးရင်းလွှားရင်း လမ်းခရီးမှာ အစာငတ်ပြီး ရာနဲ့ချီ သေဆုံးကုန်တဲ့အကြောင်း ချင်းတော်လှန်ရေးတပ်တွေထံမှ သိရတယ်။ များမကြာမီ သက်ဆိုင်ရာ တပ်ဖွဲ့တွေကနေ ရုပ်သံ (သို့) ဓာတ်ပုံတွေနဲ့ပါ ထုတ်ပြန်လာဖွယ် ရှိနေတယ်။

မင်းအောင်လှိုင်ရဲ့ ကျွန်သပေါက် စစ်သားတွေ အစာရေစာ ငတ်ပြတ်ပြီး သေဆုံးရတာက အခုမှ မဟုတ်ဘူး။

မတ်လ ၁၁ ရက်နေ့က ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို အာရက္ခတပ်တော်က အပြီးပိုင် သိမ်းပိုက်ပြီးနောက် ရမ်းဗြဲမြို့ရှိ သိမ်တောင် တောင်ပေါ်ကို ရှင်းလင်းရေး လုပ်စဉ်မှာ အစာရေစာ ငတ်ပြတ်ပြီး ခွေးသေဝက်သေ သေနေတဲ့ အကြမ်းဖက် စစ်သားနဲ့ ရဲ အလောင်း ၄၇ လောင်းတိတိကို အာရက္ခတပ်တော်နဲ့ မြို့ခံတွေက တွေ့ရှိ ရှင်းလင်းခဲ့ရတယ်။

ရမ်းဗြဲဖြစ်စဉ်မှာက လက်နက်ကိုင် အကြမ်းဖက်ကောင်တွေပဲမို့ မထောင်းတာလှပေမယ့် အခု မတူပီကနေ စစ်ရှုံးပြီး ထွက်ပြေးကြတဲ့သူတွေထဲမှာ စစ်တပ်မိသားစုဝင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ပါခဲ့တယ်။

ပိုပြီး ဆိုးတာက စစ်ရှုံးကောင်တွေနဲ့ မိသားစုဝင်တွေဟာ သေဆုံးသွားသူတွေရဲ့ အလောင်းတွေက အသားတွေကို လှီးဖြတ်ပြီး မီးကင်စားခဲ့ကြရတယ်လို့ ဆိုတယ်။

သာမန် ဆိုရင်တော့ ဒီကိစ္စဟာ မယုံကြည်နိုင်စရာ အခြေအနေ မသတီစရာ အခြေအနေပါပဲ။ ဒါပေမယ့် ချင်းတောင်ကို ရောက်ဖူးတဲ့သူတွေ ဆိုရင် ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေးက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းလဲ ဆိုတာ သိကြပါလိမ့်မယ်။

လူပေါင်း ၆၀၀ ဝန်းကျင် တောထဲတောင်ထဲမှာ ရက်ပေါင်း ၂၀ ကျော် စားစရာမရှိ ငတ်ပြတ် ပိတ်မိနေချိန်မှာ သူတို့တွေ ဘာကိုစားပြီး အသက်ရှင်ကြမလဲ တွေးကြည့်တာနဲ့တင် တကယ်ကို ရူးချင်စရာပါပဲ။ အခုချိန်အထိ ဘုရင်ရူးအတွက် ကိုယ်ကိုယ်တိုင်ရဲ့ အသက်တွေ ဘဝတွေသာမက မိသားစုဝင် ကလေးငယ်တွေရဲ့ ဘဝတွေနဲ့ပါ ပေးဆပ်နေရတဲ့ ဝဋ်ကြွေးက ဘယ်လောက်တောင် ကြီးမားလိုက်လဲ။

လူယုတ်မာကောင် မင်းအောင်လှိုင်ကို သစ္စာခံမိတော့-

နိုင်ငံတော်အတွက် ဆိုပြီး သစ္စာဆိုထားတဲ့ စစ်တပ်ကလဲ နိုင်ငံကို စွန့်ခွာပြီး ခွေးပြေးဝက်ပြေး ပြေးခဲ့ကြရပြီးပြီ။ ပြေးတာတောင်မှ စစ်တပ်က တစ်သက်လုံး အမုန်းတရားတွေနဲ့ ထိုးနှက်တိုက်ခိုက်နေတဲ့ အစ္စလာမ် နိုင်ငံကို ပြေးဝင်ပြီး ခိုလှုံကြရတာ။

အခုလဲ အစာရေစာ ငတ်ပြတ်ပြီး လူသားစားရတဲ့ အခြေအနေကိုတောင် ရောက်နေပြီ။ စားမိတဲ့ လူသားကလဲ ကိုယ့်ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ အသားကို လှီးဖြတ် စားသောက်ပြီး အသက်ဆက်ကြရတာ။

ပြောရရင်တော့ လူ့ငရဲ လူ့တိရစ္ဆာန်ဘဝကို အရှင်လတ်လတ် ရောက်နေကြရတာပါပဲ။ ပြည်သူကို သစ္စာဖောက်ပြီး စော်ကားခဲ့တဲ့ လုပ်ရပ်တွေက တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာပြီ ပြောရမယ်။ ဒီလို အခြေအနေမျိုးတွေ ဘယ်တပ်က စစ်သားတွေနဲ့ မိသားစုဝင်တွေ ထပ်ပြီး ကြုံကြရဦးမလဲ စောင့်ကြည့်ကြတာပေါ့လေ။

ပြည်သူကို လက်နက်အားကိုးပြီး လူပါးဝ အနိုင်ကျင့် စော်ကားခဲ့တဲ့ကောင်တွေ ပြည်သူ့ကျိန်စာ စူးနေကြတာ အခုချိန်အထိ လက်မခံကြသေးရင် ဆက်ပြီး မိုက်ကြပေါ့။

ကိုယ့်ရဲဘော်ရဲဘက်၊ ကိုယ့်သားသမီးရဲ့ အသားကို လှီးဖြတ်ပြီး မီးကင်စားရတဲ့ တစ်နေ့ရောက်ရင် ပြည်သူ့ကျိန်စာ တကယ်ရှိတယ် ဆိုတာကို မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်..။


Comments

Leave a Reply

Your email address will not be published. Required fields are marked *