တစ်ယောက်တည်း ပြိုင်တဲ့ပွဲမှာ ဒုတိယ ပဲရခဲ့တဲ့ အဘ

သမ္မတရာထူး ၁၀ နှစ်အထိ တာဝန်ယူလို့ရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင် နောက်ဆုံးမှာ ယာယီ သမ္မတရာထူး ရယူ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာထိန်းတယ်ဆိုတဲ့ စကားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တွင်တွင်ကျယ်ကျယ် ပြောခဲ့ပေမယ့်လည်း အာဏာသိမ်းမှု ၃ နှစ်ခွဲလာချိန်မှာတော့ ယာယီသမ္မတရာထူးနဲ့တာဝန်တွေကို ရယူလိုက်ပါတယ်။

အရင်ကတည်းက သမ္မတရူးရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဘယ်သူမှ ရွေးကောက်တင်မြှောက်တာမရှိဘဲ သူ့ကိုယ်သူ ယာယီသမ္မတရာထူးတာဝန်ကို လွှဲပြောင်းရယူတာပါ။ သူ ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှုက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းချက်မရှိသလို သူ့ကိုယ်သူ သမ္မတရာထူး ပြန်လည် အပ်နှင်းခြင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရာထူးတာဝန်ကို နောက်ထပ် ၁၀ နှစ်အထိ လုပ်ဖို့ရှိနေတယ်ဆိုတာ နိုင်ငံတကာကို သူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပါ ပုဒ်မတွေအရ အကြမ်းဖက်စစ်ကောင်စီက ရွေး ကောက်ပွဲကျင်းပကာ နိုင်တဲ့သူကို အာဏာလွှဲပေးမယ်လို့ အဓိပ္ပာယ်မဲ့စကားတွေ မင်းအောင်လှိုင် ပြောနေပေမယ့်လည်းအခြားတစ်ဘက်မှာ သူ့အနေနဲ့ အခြေခံဥပဒေအရ သမ္မသက်တမ်း ၂ ကြိမ် စုစု ပေါင်း ၁၀ နှစ် လုပ်လို့ရတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့မှာပဲ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်တယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိ သူ့အနေနဲ့ နိုင်ငံကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မယ် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန် လာမယ့် ကာလမှာ အထွေ ထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မယ့် အစိုးရ အဖွဲ့ က ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်က သူကိုယ်တိုင် သမ္မတလုပ်မယ့် သဘော ပုံစံမျိုးတွေ လုံး ထွေး ပြောဆိုခဲ့တာဖြစ်တဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးဟာ ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ပြောဆိုခဲ့တာပါ။

အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ သတင်း စာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်အနေနဲ့ “အာဏာ မသိမ်းဘူးလို့ မှတ်ယူလို့ မရဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံထွက်တဲ့ စကားတွေ ပြောပြီး အာဏာကို တကယ် လက်တွေ့ သိမ်းယူခဲ့ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူအာဏာရရှိရေးအတွက် လူထု ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းယူပြီး ပြည်သူထောင်ချီ သတ်ဖြတ် ၊ သောင်းချီ ထောင်သွင်းအကျဉ်းချကာ တစ်နိုင်ငံလုံးကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ့လုပ်ရပ်နဲ့ အပြုအမူတွေက အချိန်ကြာလာတာနဲ့အမျှ ထင်ရှားပေါ်လွင် လာနေတာလည်းဖြစ်ပါတယ်။

“သူ မလုပ်ရဲတာ မရှိဘူး” လို့ ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က သူ့အာဏာ အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာကို လည်း ဂရုမစိုက်တဲ့အပြင် နောက်ထပ် မတရား ဖမ်းဆီး သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက် လုပ် ဆောင်မယ့် သဘောထားတွေကိုလည်း ဆက်လက် ပြသနေတာဖြစ်ပါတယ် ။

မင်းအောင်လှိုင်ဟာ သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ပြီး သမ္မတ မင်းအောင်လှိုင်ဆိုတဲ့ အရှက်မရှိ သိက္ခာမဲ့စွာ ပြည်သူတွေကို ဆက်လက်ဒုက္ခပေး၊ နိုင်ငံကို ရေတိမ်နစ်အောင် ဆက်လက်လုပ်ဆောင်မှာကတော့ အသေအချာဖြစ်ပါတယ်။

အရမ်းကြီးကို ဖြစ်ချင်/လုပ်ချင်နေလွန်းတဲ့
သမ္မတဆိုတဲ့နေရာကို
ဘယ်သူကမှမတင်ပေးတဲ့နောက်
သူ့ကိုယ်သူဘဲပြန်တင်ပြီးခန့်အပ်လိုက်ပါပြီ

မြင့်ဆွေ အခြေအနေမကောင်းဖြစ်နေချိန်
ရေငတ်တုံးရေတွင်းထဲကျခဲ့ရသလို
သူတို့ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဆိုတာကြီးမှာ
ပါသည်ဖြစ်စေ/မပါသည်ဖြစ်စေ
ယူချင်လွန်းလို့ကို.ယူလိုက်တယ်လို့ဘဲဆိုရမှာပါ

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များအတွက်
ယာယီသမ္မတတာဝန်ဝတ္တရားများကို
နစကဥက္ကဌထံကိုလွှဲအပ်ကြောင်း
ယာယီသမ္မတရုံးမှ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို
အကြောင်းကြားစာပေးပို့လာတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့အတူ

ရွဲကုန်သည်ကြီးရူးသွားတဲ့အချိန်
”မပေးပေး ပေးပေး ငါ့ရွှေခွက်ပြန်ပေး.ဆိုတဲ့
စကားသံအတိုင်း
”မပေးပေး ပေးပေး သမ္မတကြီးခန့်ပေး”လို့ဆိုကာ
ဘယ်သူမှမတင်လည်းကိုယ့်ဘာသာကိုယ်တင်ပြီး
သမ္မတကြီးဆိုတာကို လုပ်လိုက်ပြီမို့

အခုအချိန်အခါကစပြီး
စစ်လော်ဘီရုပ်သံများနဲ့ သတင်းဌာနများက
သမ္မတကြီးလို့ခေါ်သံကို
မသေခင်ကြားသွားနိုင်ပါပြီ၊

ဒီအဖြစ်ကိုမြင်တွေ့ကြားသိရချိန်မှာ
ဒဏ္ဍာရီလား၊ပုံပြင်လားမသိရတဲ့အကြောင်းတခုကို
အမှတ်ရစရာဖြစ်လာနိုင်ပါတယ်

အတိုချုံးကတော့
လူတယောက်ဟာ မွေးဖွားလာချိန်မှာ
ဗေဒင်ဆရာတယောက်ရဲ့ဟောပြောချက်အရ
ဘဝမှာ ရွှေထီးဆောင်းပြီးမှာသာလျင်
သေဆုံးပါလိမ့်မယ်လို့ဟောကြားခဲ့တာကြောင့်

ထိုစဥ်ကာလများက.အတွေးအရ
ရှင်ဘုရင်ဖြစ်နိုင်သူလို့
ဝိုင်ဝန်းဆုံးဖြတ်ကြတာကြောင့်

ထိုသူဟာ.သူ့ဘဝတသက်တာလုံး
အလုပ်ကိုကောင်းစွာမလုပ်တော့ဘဲ
ရှင်ဘုရင်ဖြစ်ကာရွှေထီးဆောင်းရမယ့်အချိန်ကိုသာ
စောင့်မျှော်နေခဲ့တာမို့

ဘဝရဲ့နောက်ဆုံးအချိန်ကို​ရောက်ရှိချိန်မှာတော့
နေပူကြဲကြဲလယ်ကွင်းပြင်ကြီးအလယ်မှာ
သေအံမူးမူးနဲ့ လဲကျလို့နေပါတယ်

ဒီအချိန်မှာ
တိုင်းပြည်အုပ်ချုပ်တဲ့ရှင်ဘုရင်မင်းကြီးဟာ
တိုင်းခန်းလှည့်လည်လာချိန်

ထိုသူလဲကျနေတဲ့လယ်ကွင်းဘေးကအဖြတ်မှာ
လဲကျနေသူကိုမြင်တွေ့သွားခဲ့တာမို့
သူ့ကိုထီးဆောင်းပေးနေတဲ့ သူ့ရဲ့ရံရွှေတော်ကို
သွားရောက်ကြည့်ရှု့စေခဲ့တာပါ

ရံရွှေတော်ဟာ.ဘုရင့်ရွှေထီးနဲ့အတူ
ထိုသူကိုသွားရောက်ကြည့်ရှု့ချိန်
ထိုသူအနားသို့အရောက်
ရွှေထီးရဲ့အရိပ်ဟာ.လဲကျသူကိုမိုးမိလိုက်ချိန်

လဲကျနေသူဟာ
နောက်ဆုံးထွက်သက်နဲ့အတူသေဆုံးခဲ့ပါတယ်လို့
ဆိုပါတယ်

ဒီဇာတ်လမ်းကိုဆိုခဲ့သူက
ရွှေထီးဆောင်းဘို့ကံပါလာရင်
ဘယ်လိုတွေအရည်အချင်း
ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ
ဘယ်လိုပုံစံနဲ့ဆောင်းရ.ဆောင်းရ
မသေဆုံးခင်တော့.ဆောင်းသွားရမှာလို့
ဆိုလိုချင်ပုံရပါတယ်

ဒီဇာတ်လမ်းလေးနဲ့ပုံစံတူဖြစ်ခဲ့ရင်

အခုအနေအထားမှာလည်း

ရွှေထီးကြီးကိုတော့.ဆောင်းလိုက်ရပါပြီ

ဆောင်းပြီးချိန်မှာတော့………

စောအယ်မူး

တစ်ယောက်တည်း ပြိုင်တဲ့ပွဲမှာ

ဒုတိယ ပဲရခဲ့တဲ့ အဘ။ ကွန် ကွန် ပါ 🫡🫡🫡။

( 🎶🎼ဒုတိယလူအဖြစ်နဲ့ ပြီးဆုံးသွား မင်းပေးခဲ့တဲ့ ဆုလာဘ်များထဲ အချိန်တန်ပြီ ဆိုရင် ကိုယ်ပြန်သွားရတော့မယ် ။ 🎵🎼)

ခွက်ဒစ် – စည်သူလွင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *