စစ်သား ၅ ဦးသေဆုံးခဲ့သော စစ်ကားမှာ ဗိုလ်မှူး ကျော်နိုင်ဝင်း ဦးစီးသော အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ တွင် မိုင်းဆွဲခံရမှုကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့သော စစ်ကားမှာ ဗိုလ်မှူး ကျော်နိုင်ဝင်း ဦးစီးသော အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ တွင် မိုင်းဆွဲခံရမှုကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့သော စစ်ကားမှာ ဗိုလ်မှူး ကျော်နိုင်ဝင်း ဦးစီးသော အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာခဲ့ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန် မြစ်ကြီးနားတပ်မှ အာဆီယံ သေနတ်ပစ်ပြိုင်ပွဲဝင်ကြမည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ ဦး သည် ဗိုလ်မှူးကျော်နိုင်ဝင်း၏ ဦးဆောင်မှုဖြင့် စစ်ကား ၂ စီးတွင် လိုက်ပါကြကြောင်း၊ စစ်ကား နံပါတ် ၄၀၄၈(ဘ) စစ်စိမ်းရောင်၊ ၄၀၈၃ (၆) စစ်စိမ်းရောင် ကား ၂ စီးဖြင့် လာရောက်ကြခြင်းဖြစ်ကြောင်း၊ ယင်းနောက် နေပြည် တော်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၂၃ မိုင်တိုင်အမှတ် ၁/၂ တွင် စစ်ကား ၁ စီးမှာ မိုင်းဆွဲခံရကြောင်း သိရှိရသည်။

ယာဉ်အမှတ် ၄၀၈၃ (၆) စစ်စိမ်းရောင် စစ်ကားမှာ မိုင်းဆွဲခံရမှုကြောင့် ယာဉ်မောင်း တပ်သား မျိုးမင်းစိုး (ထောက်ပို့ရေး ၁၂၁ ၊ မကွေး) မှာ မိုင်းစ ဦးခေါင်းထိမှန်သေဆုံးကြောင်း၊ ဗိုလ်မှူးကျော်နိုင်ဝင်းမှာ လည်ပင်းထိမှန်ဒဏ်ရာရရှိကြောင်း၊ တပ်ကြပ် ကြီး မျိုးသီဟကျော်မှာ စိုးရိမ်ရသော လည်ပင်းထိမှန် ဒဏ်ရာရရှိကြောင်း၊ တပ်ကြပ်ပြည့်ဖြိုးသူမှာ ဝဲဘက် ဆီးခုံ၊ ဝမ်းဗိုက်၊ လည်ပင်း ထိမှန် ဒဏ်ရာ (စိုးရိမ်ရ)၊ ထို့ပြင် တပ်သား နန္ဒအောင်မှာ ခါးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲခံရသော ယာဥ်နံပါတ် ၄၀၈၃ မက်ထရက် ၆ဘီး စစ်ကားရှေ့လေကာမှန်၊ ဘယ်ညာ တံခါးမှန် ကွဲပျက်စီး၊ ရှေ့ဝဲဘက် ဘီးပေါက်သွားခဲ့ပြီး အခင်းဖြစ်နေရာကို အဆိုပါ တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းခဲ့ပြီး ဒဏ်ရာရရှိသူများကိုလည်း မိတ္ထီလာ တပ်ဆေးရုံသို့ တင်ပို့ ကုသမှု ခံယူနေကြောင်း သိရှိရသည်။

မိုင်းဆွဲခံရမှုသတင်း

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ စစ်ကားကို မိုင်းဆွဲ

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသော စစ်ကောင်စီ၏ ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *